စာစဥ် ၄၇ : အပိုင်း ၉
အပိုင်း ၈၉၉ : ဟင်းလင်းပြင် ဘုရားကျောင်း၏ မဟာ အကြံအစည်
ချင်းရီ သူတော်စင်မယ်၏ စကားဆုံးသွားသောအခါ ရွှမ်းရီသူတော်စင်၊ ချိုင်ဖန်းကျိုးနှင့် ကျန်သောသူများတို့သည် သူ့တို့ဘာသူတို့ စဥ်းစားခန်း ဝင်နေကြသည်။
ယန်ယွင်ကျန်းသည် လင်းတောက်ဟန်အား ခေတ္တမျှ ကြည့်လိုက်ကာ မေးလိုက်သည်။ "တောက်ဟန်.. ယန့်မင်းရွဲ့က ပြောဖူးတယ်.. မင်းက အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း ခေါင်းဆောင်ရဲ့ ကျင့်ကြံမှု အဆင့်အတန်း အစစ်အမှန်ကို သုံးသပ်ဖို့ ကြိုးစားခဲ့ဖူးတယ်ဆို"
လင်းတောက်ဟန်က သူ၏ခေါင်းကို ညိတ်လိုက်ကာ ပြန်ဖြေလိုက်သည်။ "ပြန်ပြီးတွေးလိုက်ရင် ကျွန်တော်က အနည်းငယ် လောကြီးသွားခဲ့တယ်"
ယန်ယွင်ကျန်းက သူမ၏ခေါင်းကို ဖြည်းညင်းစွာနှင့် ခါလိုက်ကာ ပြောလိုက်သည်။ "ငါကတော့ ဒီလို မထင်ပါဘူး"
"ပြန်ပြီးတော့ ကြည့်လိုက်ရင် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းရဲ့ တိုးတက်လာမှုဟာ သူတို့ရဲ့ စွမ်းအားတွေ အဆက်မပြတ် တိုးတက်လာရုံ သက်သက် မဟုတ်ဘူး.. လင်းဖုန်းကိုယ်တိုင်ကလည်း တစ်ချိန်လုံး အဆက်မပြတ် တိုးတက်လာနေခဲ့တယ်.. သူ့ရဲ့ ကိုယ်ပွားတွေကလည်း ရှိသေးတယ်.. သူရဲ့ တိုးတက်မှုနှုန်းဟာ အတော်လေးကို မြန်ဆန်လွန်းတယ်"
"ဒီနေရာမှာ တစ်ခုခုတော့ ရှိရမယ်.. ကောင်းကင်လှည်း တောင်ထိပ်က ဓားအစည်းအဝေး.. ဒါမှမဟုတ် ရှီးလင်မြို့ တိုက်ပွဲ.. အဲ့ဒီအချိန်မှာ ပေါ်လာတဲ့လူက လင်းဖုန်းရဲ့ မူလခန္ဓာကိုယ် ဖြစ်ရမယ်"
သူမ၏ ခေါင်းအတွင်းတွင် အတွေးများ ပေါ်လာခဲ့ကာ ဆက်ပြောလိုက်သည်။ "ဒါပေမဲ့လည်း ကျွန်မတို့ရဲ့ ဒီနှစ်တွေ အတွင်းမှာ လေ့လာရသလောက် လင်းဖုန်းရဲ့ အခု စွမ်းအားတွေဟာ ရှီးလင်မြို့မှာ စီနီယာကောင်း၊ စီနီယာ ရွှမ်းလင်နဲ့ ရှင်းလုံစန်းတို့နဲ့ တိုက်ခိုက်ခဲ့စဥ်ကထက် များစွာပိုပြီး တိုးတက်လာခဲ့တယ်"
"အထူးသဖြင့် အခု စူတောင်တိုက်ပွဲမှာပဲ.. သူ့ရဲ့ တိုက်ပွဲ စွမ်းအားတွေဟာ ရှီးလင်မြို့ တိုက်ပွဲထက်စာရင် အများကြီးပိုပြီး အားကြီးလာခဲ့တယ်"
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) Unicode
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမှာ သမိုင်းဝင်န...