အပိုင်း ၇၄၆ မှ ၇၅၀

491 35 2
                                    

စာစဥ် ၃၉ : အပိုင်း ၁၆

အပိုင်း ၇၄၆ : အန္တိမ အကွက်အား စတွေ့သည်နှင့် ထုတ်သုံးခြင်း

ဇူရီသည် ဆောင်ချင်းစန်းအား တည်ငြိမ်စွာနှင့် ကြည့်နေခဲ့၍ သူ၏ မျက်လုံးအတွင်းမှ အလင်းတန်းတစ်ခု ထွက်လာခဲ့ကာ သူ၏ ပါးစပ်ကို အနည်းငယ် ဟလိုက်၍ အဖြူရောင် ဓာတ်ငွေ့ဘောလုံး တစ်ခုအား ထုတ်လွှတ်လိုက်သည်။

အဖြူရောင် ဓာတ်ငွေ့သည် အစိုင်အခဲ ဖြစ်သွားခဲ့၍ ငါးတစ်ကောင်၏ အကြေးခွံများနှင့် တူနေသော တိမ်တိုက်အငွေ့များ အဖြစ်သို့ ပြောင်းသွားခဲ့သည်။ သူတို့သည် စတုရန်းမီတာ နှစ်ထောင်ကျော် ကျယ်ပြန်သွားခဲ့ကာ ဇူရီ၏ ခေါင်းပေါ်တွင် လွင့်မျောနေခဲ့သည်။

ထိုအကြေးခွံပုံစံ တိမ်တိုက်များ၏ အပေါ်တွင် တောင်ကြီးတစ်လုံးအလား ကြီးမားကာ ဒီဇင်ဘာညကဲ့သို့ မှောင်မည်းနေသည့် ချီလင်တစ်ကောင် ပေါ်လာခဲ့သည်။ သူ၏ အရွယ်အစားမှာ ဆောင်ပန်းအား ဖမ်းချုပ်ခဲ့သည့် အကောင်ထက် အရွယ်အစား ပို၍ကြီးမားကာ ဂုဏ်သိက္ခာ စွမ်းပကားက ပို၍ နက်ရှိုင်းသည်။

ဧရာမ အကောင်နှစ်ကောင် ဖြစ်ကြသည့် ချီလင်နှင့် လိပ်ကြီးတို့သည် ဇူရီ၏ဘေးတွင် အတူတကွ ပေါ်လာခဲ့သည်။ တစ်ချိန်တည်းတွင်ပင် သူ၏အရှေ့မှ လေထုအတွင်းတွင် မည်းနက်နေသော ကျောက်တိုင်တစ်ခုသည် အဆုံးမဲ့ အမှောင်ထုကဲ့သို့ ပေါ်လာခဲ့၍ အစိမ်းရောင် ကျောက်စိမ်းဖန်တိုင်အား လွှမ်းခြုံလိုက်သည်။ သူသည် ပွားစည်းခြင်း အဆင့်မှ မှော်ရတနာ တစ်ပါးဖြစ်သည့် ထာဝရည မိစ္ဆာကျောက်တိုင်မှလွဲ၍ အခြားမဟုတ်ချေ။

ထာဝရည မိစ္ဆာကျောက်တိုင်သည် သူပေါ်လာသည်နှင့် တပြိုင်နက် အစိမ်းရောင် ကျောက်စိမ်းဖန်တိုင်အား ဖိနှိပ်လိုက်သည်။ ဇူရီ၏ အမူအရာသည် တည်ငြိမ်နေခဲ့ကာ ဘာမှ မဖြစ်ခဲ့ပဲ ကျန်သောသူများ အားလုံးတို့၏ ဘုံပစ်မှတ် ဖြစ်သွားခဲ့မည်ကို မစိုးရိမ်သကဲ့သို့ပင် နေနေခဲ့၏။

ဆောင်ချင်းစန်းနှင့် ကျန်သောသူများသည် ထိုအခြင်းအရာကို တွေ့လိုက်ရသောအခါ သူတို့၏ စိတ်ဓာတ်များသည် အနည်းငယ် ကျသွားကြသည်။ "ဒီကောင်လေးက မောက်မာတဲ့ပုံ ပေါက်နေပေမဲ့ သူက လောဘစိတ်ကြောင့် ဘာမှမမြင်နိုင်တော့တဲ့ သူတစ်ယောက်နဲ့ မတူနေဘူး။ သူက ဒီလိုမျိုး လုပ်ရဲတယ်ဆိုတော့ သူ့ရဲ့ ယုံကြည်ချက်က တစ်နေရာကနေ လာခဲ့တာ ဖြစ်မယ်"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now