အပိုင်း ၁၀၇၀ : ဘာဖြစ်လို့လဲ ဆိုတော့ ငါတို့ဂိုဏ်းက...

259 28 0
                                    

စာစဥ် ၅၅ : အပိုင်း ၂၀

အပိုင်း ၁၀၇၀ : ဘာဖြစ်လို့လဲ ဆိုတော့ ငါတို့ဂိုဏ်းက အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း ဖြစ်နေလို့ပဲ

လင်းဖုန်းနှင့် ရှောင်ယန်တို့သည် သူတို့ တပည့်များ၏ စကားဝိုင်းကို ခိုးနားထောင်နေရအောင် မအားနေကြပေ။ သို့သော်လည်း သူတို့၏ သဘာဝလွန် အသိစိတ်အား ဖြန့်ကြက်ထားသော အခါ တန်ကျွင်းနှင့် တွမ့်မုဟုန်တို့၏ စကားများသည် သူတို့၏ နားအတွင်းသို့ ကျရောက်လာကြသည်။

အကယ်၍ သူတို့သည် အခြား အရာများ အကြောင်းကို ပြောနေကြလျှင် လင်းဖုန်းနှင့် ရှောင်ယန်တို့က သူတို့အား အမှုထားနေကြမည် မဟုတ်ချေ။ သို့ရာတွင် သူတို့က ဂူမိသားစု အဖွဲ့ဝင်များက သူတို့အား ပြဿနာရှာမည့် အကြောင်းကို ကြားလိုက်ရသော အချိန်တွင် လင်းဖုန်းနှင့် ရှောင်ယန်တို့သည် သူတို့၏ စကားများကို အာရုံစိုက်မိလိုက်ကြသည်။

သို့သော်လည်း တွမ့်မုဟုန်၏ စကားများကို ကြားလိုက်ရသော အခါ လင်းဖုန်းသည် အနည်းငယ် ဆွံ့အသွား၍ ရှောင်ယန်အား ကြည့်လိုက်သည်။ "ဒါက အရင်က မင်းကိုငါက ဟာသလုပ်ထားတဲ့ စကားတွေ မဟုတ်ဘူးလား… မင်း သူတို့ကိုပြောပြထားတယ်… ဟုတ်လား"

ရှောင်ယန်ကလည်း ရယ်ရမည်လော ငိုရမည်လော မသိခဲ့ချေ။ "ကျွန်တော်က တန်ကျွင်းကို ပျော်စေပြက်စေ ပြောခဲ့တာပါ"

ရှောင်ယန်နှင့် လင်းဖုန်းတို့ အကြားမှ ဆက်ဆံရေးကဲ့သို့ ရှောင်ယန်နှင့် တန်ကျွင်းတို့၏ ဆက်ဆံရေးမှာလည်း နီးကပ်သည်။ ပုံမှန်အားဖြင့် သူတို့သည် အချင်းချင်း စနောက်လေ့ ရှိကြသည်။

သို့သော်လည်း မည်သူက သိမည်နည်း၊ တွမ့်မုဟုန်က ဘေးမှနေ၍ ကြားခဲ့ကာ သူတို့က တကယ် ပြောနေခဲ့သကဲ့သို့ ရင်အတွင်းတွင် မှတ်သားထား၏။

တန်ကျွင်းသည် တွမ့်မုဟုန်အား ကြည့်ကာ အနည်းငယ် စိုးရိမ်လာသည်။ သူကလည်း ယခုအချိန်တွင် ငိုချင်စိတ် ပေါက်နေ၏။

သူသည် ပြင်ပမှ လူများနှင့် ရင်ဆိုင်ရချိန်တွင် အတော်ကို ခက်ထန်သူ ဖြစ်သည်။ သို့သော်လည်း ဂိုဏ်းအတွင်းမှ လူများအပေါ်၌ အမတန်မှ ညင်သာသည်။ အထူးသဖြင့် တွမ့်မုဟုန်သည် သူ၏ ကိုယ်ပိုင် လက်ရင်းတပည့် ဖြစ်သည်။ သူသည် ခါးသီးစွာဖြင့်သာ ရယ်နိုင်ခဲ့သည်။ "ဒါက ဆရာဘိုးဘိုးနဲ့ ဆရာတို့ရဲ့ အကြားက စနောက်တဲ့ စကားသာ ဖြစ်တယ်… သိပ်ပြီးမှ အလေးအနက် ထားမနေပါနဲ့"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now