အပိုင်း ၆၇၆ : မျိုးဆက်တိုင်းမှ အကြင်နာကင်းမဲ့သော ကိုယ်ကျင့်စရိုက်များ

401 38 0
                                    

စာစဥ် ၃၅ : အပိုင်း ၆

အပိုင်း ၆၇၆ : မျိုးဆက်တိုင်းမှ အကြင်နာကင်းမဲ့သော ကိုယ်ကျင့်စရိုက်များ

ကျိုးယွင်ချုံးသည် သူ၏ ညာလက်အား ဆန့်တန်းလိုက်၍ သူ၏လက်ဝါးဖြင့် လေဟာနယ်အား ဓားမြှောင်ကဲ့သို့ ထိုးလိုက်သည်။

အနက်ရောင် ဓာတ်ငွေ့တစ်တန်းသည် လေဟာနယ်သို့ ပျံ့နှံ့သွားခဲ့၏။

ကျိုးယွင်ချုံးအား ကာဆီးနေကြသော ဝူယန်သားရဲများသည် အချိန်မီ မတုံ့ပြန်နိုင်ကြပဲ နှစ်ပိုင်းပိုင်းသွားကြသည်။

ကျိုးယွင်ချုံးသည် ထပ်မံရိုက်လိုက်ရာ နောက်ထပ် ဝူယန်သားရဲ ငါးကောင်တို့ အသက်ပျောက်သွားကြ၏။

ဒါသည် အလွန်အမင်းကို ခက်ထန်ကြမ်းတမ်းပေသည်။ အခြေခံအုတ်မြစ် အဆင့်မှ ကျင့်ကြံသူများကို ဒုက္ခပေးနေကြသော ဝူယန်သားရဲများကို ကျိုးယွင်ချုံးက လုံးလုံး ဂရုမစိုက်ခဲ့ပေ။ သူသည် လက်ဝါးဖြင့် အကြိမ်အနည်းငယ် ရိုက်လိုက်ရာ ဝူရဲသားရဲ အကောင်၂၀ကျော် အသက်ပျောက်သွားကြ၏။

ပရိသတ်များအတွင်းမှ ကျင့်ကြံမှု အဆင့်မြင့်၍ စူးရှသော မျက်လုံးရှိသူများသည် ကျိုးယွင်ချုံးက သူ၏ အစွမ်းကို အကုန်မထုတ်သေးမှန်း သိနေကြသည်။ သူ၏ စွမ်းအားများသည် အလွန်အမင်း အားကောင်း၍ ထိုဝူယန်သားရဲများသည် သူ့အတွက် ဘာမှမဟုတ်ပေ။

သူသည် အလွန်အမင်းကို သက်တောင့်သက်သာ ဖြစ်စွာဖြင့် ရှေ့တိုးလာခဲ့ကာ သူသတ်ခဲ့သည့် ဝူယန်သားရဲများ၏ အရေအတွက်မှာ တဖြည်းဖြည်းနှင့် များလာခဲ့၏။ သူရှေ့တက်လာသည်နှင့် အမျှ သူ၏ သတ်ဖြတ်လိုစိတ်သည် ပို၍ပို၍ အားကောင်းလာခဲ့သည်။ သူသည် ခက်ထန်သော အလင်းတန်းတစ်ခုကို ထုတ်လွှတ်နေသော ဓားမြှောင်တစ်ခုနှင့် တူနေခဲ့သည်။

ဝူယန်သားရဲတို့ကလည်း ငတုံးများ မဟုတ်ကြပေ။ သူတို့သည် အောက်စည်းသို့ ရောက်နေကြသောအခါ သူတို့သည် အချင်းချင်း ပြန်လည်စုစည်းလိုက်၍ ကျိုးယွင်ချုံးအား နောက်ထပ်တစ်ခါ ဝိုင်းရံလိုက်ကြ၏။

သို့သော်လည်း ဒါသည် အသုံးမဝင်ခဲ့ပေ။

ကျိုးယွင်ချုံးသည် ဝင်လာသမျှ အကောင်တိုင်းကို လွယ်ကူစွာဖြင့် သုတ်သင်နိုင်ခဲ့သည်။ အနက်ရောင် ဓာတ်ငွေ့များ ပျံ့သွားသည့် နေရာတိုင်းတွင် သွေးမြေကျသွားခဲ့၏။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeDonde viven las historias. Descúbrelo ahora