အပိုင်း ၁၀၇၅ : မင်းအတွက်တော့ အန္တရာယ်၊ ဒါပေမဲ့ ငါ့အတွက်တော့ အခွင့်အရေး

259 31 0
                                    

စာစဥ် ၅၆ : အပိုင်း ၅

အပိုင်း ၁၀၇၅ : မင်းအတွက်တော့ အန္တရာယ်၊ ဒါပေမဲ့ ငါ့အတွက်တော့ အခွင့်အရေး

တန်ကျွင်းသည် ဆေးမီးဖို အရှေ့သို့ ရောက်လာကာ သူ၏တပည့် တွမ့်မုချင်အား ကြည့်လိုက်သည်။ "ရဲဘော်ဂူ ပြောထားတာ မှန်တယ်… နန်းမင် အကြွင်းမဲ့ မီးတောက်ကို အသုံးပြုပြီး ဓာတ်ငွေ့ လည်ပတ်ခြင်း ဆေးလုံးကို ကျင့်ကြံတဲ့ အချိန်မှာ စွမ်းအားတွေကို ပုံရိပ်ယောင် ၆၀%နဲ့ အစစ်အမှန် ၄၀% အသုံးပြုလိုက်ရင် ဆေးလုံးတွေကို ထုတ်ယူတဲ့ နေရာမှာ အကောင်းဆုံးပဲ"

"ဒါပေမဲ့ ဆေးလုံးတွေကို ကျင့်ကြံတဲ့ နေရာမှာ နန်းမင် အကြွင်းမဲ့ မီးတောက်ကို အသုံးမပြုခဲ့ရင် ဆေးလုံးတွေကို ထုတ်ယူတဲ့ အချိန်မှာ ကွဲပြားခြားနားတဲ့ ပုံရိပ်ယောင်နဲ့ အစစ်အမှန် စွမ်းအား အချိုးအစားတွေကို အသုံးပြုလို့ရတယ်… ဒါပေမဲ့ ဆေးလုံးတွေရဲ့ အရည်အသွေးကို အကျိုးသက်ရောက်မှု ရှိလိမ့်မယ်"

"ဒါဆိုရင် ငါတို့က ဘယ်လို လုပ်သင့်သလဲ"

တွမ့်မုဟုန်က တစ်ဘက်မှ စဥ်းစားနေ၍ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "တခြား အမြင်တွေကနေ စဥ်းစားရမှာလား"

တန်ကျွင်းက ပြုံးလိုက်သည်။ "မင်းပြောတာ မှန်တယ်… တခြားအမြင်ကနေ စဥ်းစားရမယ်… ငါတို့ရဲ့ စွမ်းအားတွေကိုသာ အတိုးအလျှော့ လုပ်လို့ရတာ မဟုတ်ဘူး"

ဤစကားကို ကြားရသောအခါ ဂူမိသားစုမှ တပည့်များက သူတို့၏ မျက်ခုံးများကို ပင့်လိုက်သည်။ အဘယ်ကြောင့် ဆိုသော် တန်ကျွင်း၏ စကားများသည် ဂူလျှန်ချန်းက ဆေးလုံးကို မကျင့်ကြံမီ နေရာ တစ်ခုထက်ပို၍ ပြောင်းလဲ၍ရသည်ဟု ဆိုလိုနေခြင်းကြောင့် ဖြစ်သည်။

ဂူလျှန်ချန်းက ဘာမှ မပြောခဲ့ပဲ တန်ကျွင်းကိုသာ လေးနက်စွာနှင့် ကြည့်နေ၏။ တန်ကျွန်းကလည်း ဆက်လက်၍ ရှင်းမပြခဲ့ပေ။

သူ၏ လက်ဝါးများဖြင့် ဆေးမီးဖို၏ ကိုယ်ထည်အား ရိုက်လိုက်သည်။ အဖြူဖျော့ရောင် သန့်စင်သောယန် အကြွင်းမဲ့ မီးတောက်တို့က ပေါ်လာ၏။ သူ၏ စွမ်းအားများကို ဆင့်ခေါ်လိုက်အပြီးတွင် ပြင်ဆင်ထားသော ဆေးအမယ်များကလည်း ဆေးမီးဖို အတွင်းသို့ ကျရောက်သွားကြသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now