အပိုင်း ၆၇၉-၆၈၀-၆၈၁

465 41 0
                                    

စာစဥ် ၃၆ : အပိုင်း ၉

အပိုင်း ၆၇၉ : အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း တပည့်က ရှုံးနိမ့်တော့မှာလား

ဝူယန်သားရဲများသည် တောက်ဝူ၏ နတ်ဆိုးစွမ်းအင်များမှ ပေါက်ဖွားလာကြသော မိစ္ဆာကောင်များသာ ဖြစ်ကြပြီး ချုံးချိများမှာမူ တောက်ဝူကဲ့သို့ပင် ရှေးပဝေသဏီမှ မိစ္ဆာသားရဲ လေးကောင်တို့တွင် အပါအဝင် ဖြစ်ကြ၏။ ဝူယန်သားရဲများနှင့် ချုံးချိတို့၏ အကြားမှ ခြားနားချက်သည် အတော်ပင် ကြီးမားပေသည်။

ထို့အပြင် ချုံးချိတို့၏ အသိဉာဏ်သည် ဝူယန်သားရဲများထက် သံသယဖြစ်ဖွယ် မရှိပဲ ပိုမြင့်ပေသည်။ အစပထမတွင် သူတို့သည် လီရှင်းဖေးနှင့် ကျန်သောသူများက အဘယ်ကြောင့် ရောက်လာကြသည်ကို မသိကြပေ။ သို့သော်လည်း လီရှင်းဖေး၊ ရှုယွင်စန်းနှင့် ကျန်သောသူများသည် ချုံးချိအချို့တို့ကို ဖမ်းဆီးကာ သူတို့အတွင်းမှ ရွှေလက်စွပ်များကို ရယူခဲ့သည်ကို တွေ့ကြသောအခါ သူတို့က စတင်တုံ့ပြန်လာကြ၏။

"လခွမ်းပဲ၊ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းက ငါတို့ကို သူတို့တပည့်တွေရဲ့ လေ့ကျင့်မှု အထောက်အကူ ပစ္စည်းအနေနဲ့ အသုံးချနေကြတယ်။ ငါတို့ကိုယ်ထဲကို ထည့်ထားတဲ့ ရွှေလက်စွပ်တွေကို သူတို့တပည့်တွေကို စုဆောင်းခိုင်းနေတာပဲ"

"ဘယ်သူက ဘယ်သူ့ကို အမဲလိုက်မလဲ ကြည့်ကြသေးတာပေါ့ကွာ" ချုံးချိတို့သည် စတင်တုံ့ပြန်ခဲ့ကာ အုပ်စုများကို ဖွဲ့စည်းလိုက်သည်။ ထိုအုပ်စုများသည် အတူတကွ လှုပ်ရှားခဲ့ကြ၏။

ခက်ခဲမှုအဆင့်များကို မြှင့်တင်ရန်အတွက် လင်းဖုန်းသည် ပြိုင်ပွဲဝင်များကို အသံလွှင့် ကျောက်တုံးများဖြင့် ဆက်သွယ်ခြင်းကို တားမြစ်ထားခဲ့၏။ သို့သော်လည်း သူသည် ချုံးချိများ၏ အချင်းချင်း ဆက်သွယ်မှုကိုမူ မတားဆီးထားခဲ့ပေ။

ထို့အပြင် ကျင့်ကြံသူများက ဤကမ္ဘာငယ် အတွင်းသို့ ဝင်ရောက်ခဲ့ကြသော အချိန်တွင် ကျပန်းနေရာများသို့ ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။ သူတို့သည် ကမ္ဘာငယ် အတွင်းသို့ ရောက်လာကြသော အချိန်တွင် သူတို့သည် ချုံးချိများ၏ ဝန်းရံခြင်းကို ခံခဲ့လိုက်ရသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) Unicodeحيث تعيش القصص. اكتشف الآن