စာစဥ် ၅၀ : အပိုင်း ၆
အပိုင်း ၉၅၆ : ကိစ္စမရှိပါဘူး
မြေနဂါးဘုရင်သည် အမူအရာ ကင်းမဲ့နေကာ သူ၏ အကြည့်သည် လင်းဖုန်းနှင့် ကောင်းကင် ကျက်သရေ မဟာပဏ္ဍိတတို့ အကြားတွင် ခေါက်တုံ့ပြန်နေသည်။
သူမ နေခဲ့ခြင်းသည် ရွှေပုစဥ်း ဆရာတော်အား စိတ်မဝင်စားခြင်း သို့မဟုတ် သူ့အား ကူညီနေလိုခြင်းဟု မယုံကြည်နေပေ။
ယခုအချိန်တွင် သူကိုယ်တိုင်က သူမ၏ ပစ်မှတ် ဖြစ်နေနိုင်သည်။
လင်းဖုန်း လှမ်းကြည့်လိုက်သည်ကို တွေ့လိုက်သော အခါ မြေနဂါးဘုရင်သည် သူ၏ မျက်လုံးများကို ဖွင့်လိုက်၍ ပြန်ပိတ်လိုက်သော အခါ နတ်ဘုရား အလင်းတန်း တစ်တန်း ထွက်လာသည်။
လင်းဖုန်း၏ ကောင်းကင်ဖြတ်တောက် တံဆိပ်သည် သူ့အား ကူရာမဲ့စေခဲ့ပြီး သူနှင့် မူလကောင်းကင် ကမ္ဘာ အကြားမှ ဆက်သွယ်မှုအား ဖြတ်တောက်လိုက်သည်။ သို့သော်လည်း သူသည် ဗီပရာလိုပါ အဆင့်မှ မိစ္ဆာတစ်ကောင် ဖြစ်သဖြင့် သူ၏ စွမ်းအားများသည် ထူးချွန်ပြောင်မြောက်သည်။
အချိန်တိုလေး အတွင်းတွင် ကောင်းကင်ဖြတ်တောက် တံဆိပ်၏ အကျိုးသက်ရောက်မှုများသည် အားနည်းလာသည်။ အချိန်ကြာလာသည်နှင့် အမျှ ပို၍ အားနည်းလာမည် ဖြစ်၏။ မြေနဂါးဘုရင်သည် လုံးဝ ပြန်လည် ကောင်းမွန်လာရန် အချိန်သိပ်မလိုတော့ပေ။
သို့သော်လည်း လင်းဖုန်းသည် ရွှေပုစဥ်း ဆရာတော်၊ ကျားဖြူ မဟာပဏ္ဍိတနှင့် ရှန်းလျှို မဟာပဏ္ဍိတတို့အား တိုက်ခိုက်ခဲ့ပုံကို ကြည့်လိုက်၍ လင်းဖုန်းသည် သူအပြည့်အဝ ပြန်မကောင်းသေးခင်တွင် မိုးပြာရောင် ကောင်းကင် နဂါးဘုရင်အား သတ်ဖြတ်၍ သူ့အား တိုက်ခိုက်နိုင်သည်ကို သိနေသည်။
ထို့အပြင် ကောင်းကင် ကျက်သရေ မဟာပဏ္ဍိတကလည်း သူ့အား ဆာလောင်စွာဖြင့် စိုက်ကြည့်နေသည်။
အခြေအနေအား အကဲခတ်လိုက်ပြီး မြေနဂါးဘုရင်သည် မိုးပြာရောင် ကောင်းကင် နဂါးဘုရင်အား စိတ်ချင်းဆက်သွယ်၍ ပြောလိုက်သည်။ မိုးပြာရောင် ကောင်းကင် နဂါးဘုရင်၏ အကြည့်သည် အနည်းငယ် လင်းလက်သွား၏။ ပြီးတာနှင့် သူသည် ဆုံးဖြတ်ချက် ပြတ်သားစွာဖြင့် သူ၏ စွမ်းအားများ အားလုံးကို ထုတ်ဖော်လိုက်၍ မြေနဂါးဘုရင်နှင့်အတူ တိုက်ခိုက်လိုက်သည်။
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) Unicode
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမှာ သမိုင်းဝင်န...