အပိုင်း ၁၀၉၇ : ခွေးများကို ကျွေးခဲ့သော ရိုးသားမှု

237 27 0
                                    

စာစဥ် ၅၇ : အပိုင်း ၇

အပိုင်း ၁၀၉၇ : ခွေးများကို ကျွေးခဲ့သော ရိုးသားမှု

သေမင်းဧကရာဇ်သည် ယန်နန်းလိုင်အား သရော်သလို ကြည့်လိုက်ကာ ပြောလိုက်သည်။ "ရဲစွမ်းသတ္တိနဲ့ ပြည့်စုံပြီး ကြောက်ရွံ့မှု ကင်းမဲ့တယ်… ပြိုင်ဘက်ကင်းတဲ့ အနစ်နာခံမှုနဲ့ စံပြပုဂ္ဂိုလ်… ဟုတ်လား… မင်းက စကားလုံးတွေနဲ့ နားထောင်လို့ကောင်းအောင် တန်ဆာဆင်ပြီးမှ ပြောနေတာလား… ဒါမှမဟုတ် မင်းရဲ့ ကိုယ်ပိုင် အမြင်တွေကို ပြောနေတာလား"

"အခုအချိန်မှာ ဟင်းလင်းပြင် ဘုရားကျောင်းရဲ့ သူရဲကောင်းလေးဖော် အနက်မှာ ဂုဏ်သိက္ခာ အရှိဆုံးက ယန်ရှင်းဟီပဲ ဖြစ်တယ်… သူက ဟင်းလင်းပြင် ဘုရားကျောင်းရဲ့ ထောက်တိုင်ဖြစ်ပြီး နတ်ဘုရားနယ်မြေ တစ်ခုလုံးကိုလည်း ထောက်ကန်ပေးထားခဲ့တယ်… သူက ငါနဲ့အတူ ကျဆုံးသွားခဲ့ပြီး ငါ့ကို နန်းချနိုင်ခဲ့တယ်… သူက တကယ့်ကို မဟာဟင်းလင်းပြင် သူတော်စင်ရဲ့ အမွေအနှစ်ကို ဆက်ခံနိုင်တဲ့ ဆက်ခံသူ တစ်ယောက် ဖြစ်တယ်"

"ဒါပေမဲ့ ငါနေထိုင်ခဲ့တဲ့ ခေတ်ကာလက ဟင်းလင်းပြင် ဘုရားကျောင်းကို ပြောခဲ့တဲ့ အချိန်တိုင်းမှာ အားလုံးတို့ရဲ့ ခေါင်းထဲကို ပထမဆုံး ရောက်လာတဲ့သူက သူမဟုတ်ဘူး… ဝမ်ချီယန်ပဲ… နတ်ဘုရားနယ်မြေ အတွင်းမှာ အစွမ်းအထက်ဆုံးသူကို စဥ်းစားတဲ့ အချိန်မှာလည်း တစ်ယောက်ကမှ ထျန်းချန် တာအိုဆရာ… ဒါမှမဟုတ် ရှဖန်းယုကို မစဥ်းစားမိကြပဲ ဝမ်ချီယန်ကိုသာ ပထမဆုံး စဥ်းစားမိကြသလိုပဲပေါ့"

သေမင်းဧကရာဇ်က သူ၏ခေါင်းကို ခါလိုက်သည်။ "ငါက လတ်တလောမှသာ ပြန်လည် မွေးဖွားလာနိုင်ခဲ့ပေမဲ့ ဒီနှစ်တွေ အတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ သတင်းအားလုံးက ငါ့နားထဲကနေ မလွတ်ခဲ့ဘူး… ကြည့်ရတာ အတွင်းကပဲ ဖြစ်ဖြစ်… ပြင်ပကပဲ ဖြစ်ဖြစ်… ဟင်းလင်းပြင် ဘုရားကျောင်းဟာ ဒီလိုမျိုး သတ္တိရှိပြီး ကြောက်ရွံ့မှုကင်းတဲ့ စံပြပုဂ္ဂိုလ်ကို သိပ်ပြီးမှ အသိအမှတ် မပြုချင်ကြဘူး"

"သူ့ရဲ့ခေတ်မှာ သူ့ရဲ့ စွမ်းရည်တွေဟာ သံသယဖြစ်ဖွယ် မရှိပဲ အထူးချွန်ဆုံး ဖြစ်ပြီး လူတိုင်းရဲ့ အသိအမှတ် ပြုခြင်းကို ခံခဲ့ရပေမဲ့ သူဟာ ဟင်းလင်းပြင် ဘုရားကျောင်း အတွက် ကိုယ်ကျင့် စာရိတ္တ ချွတ်ယွင်းတဲ့ သူတစ်ယောက်ပဲ… ကျုပ်ပြောတာ မှန်သလား"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now