စာစဥ် ၄၀ : အပိုင်း ၁
အပိုင်း ၇၅၁ : ကောင်းကင်တော်လှန်ခြင်းနှင့် ပညာရှိတို့၏ စာစီစာကုံး
ပညာရှိတို့၏ စာစီစာကုံးဖြင့် ဖန်ဆင်းထားသော ရွှေရောင်တံတားသည် ဆောင်ချင်းစန်း၏ ကောင်းကင်ကျိန်စာအား ထိုးဖောက်လာခဲ့ကာ သူမ၏ကမ္ဘာနှင့် ပြင်ပကမ္ဘာတို့ အကြားမှ ခွဲခြားထားမှုအား ချိုးဖောက်လိုက်သည်။
ကောင်းကင် ဝင်္ကပါသည် ထပ်မံ၍ လည်ပတ်လာခဲ့ကာ ကမ္ဘာငယ်လေးအား ဘာမှမရှိခြင်း အဖြစ်သို့ ပြောင်းလဲပစ်လိုက်၏။
ဆောင်ချင်းစန်းသည် ထိုလေဟာနယ်ကို ဖန်ဆင်းရန် သူမထုတ်လွှတ်ထားခဲ့သော မှော်စွမ်းအင်များသည် ဇူရီ၏ ထိန်းချုပ်မှုအောက်တွင် ကောင်းကင်နှင့် မြေကြီးတို့၏ ဖျက်ဆီးခြင်းကဲ့သို့ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်ဟု ခံစားနေရသည်။
ဤလေဟာနယ်သည် သူမဖန်ဆင်းထားခြင်း ဖြစ်သဖြင့် သူမသည်လည်း ကောင်းကင်နှင့် မြေကြီးတို့၏ ပျက်စီးခြင်းကို ခံစားခဲ့ရသည်။
သူမ၏ အင်မော်တယ် ဝိညာဥ် ကိုယ်ပွားသည် စိတ်ခံစားမှု အရိပ်အယောင် အချို့ကို ဖော်ပြလာခဲ့သည်။ အမျက်ဒေါသ ထွက်နေသော်လည်း ကြောက်ရွံ့မှုနှင့် သတိထားမှုများက ပိုနေပေသည်။
"ထာဝရ တည်မြဲသော ဘဝ! ကောင်းကင်က ကျွန်ုပ်တို့ကို ကောင်းချီးပေးပါစေ"
ဆောင်ချင်းစန်း၏ အသံသည် လေထုအတွင်းတွင် ပဲ့တင်ရိုက်လာခဲ့၍ ခရမ်းရောင်နှင့် ရွှေရောင် အလင်းတန်းများက သူမ၏ အင်မော်တယ် ဝိညာဥ်ကိုယ်ပွား အနားတွင် ရစ်ဝဲလာခဲ့ကာ ချပ်ဝတ်တန်ဆာကဲ့သို့ အသုံးပြုရသည့် ကျောက်စိမ်းနတ်ဘုရားကဲ့သို့ ဝတ်စုံတစ်ခု ပေါ်လာခဲ့သည်။ သူသည် ဖျက်ဆီးခြင်း စွမ်းအားများကို ကြံ့ကြံ့ခံခဲ့၍ သူမအား ပြိုလဲခြင်းမှ ကာကွယ်ထားခဲ့သည်။
ထာဝရ တည်မြဲသော လေထု ခိုလှုံခြင်း!
လင်းဖုန်းနှင့် ဇူရီတို့သည် အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြကာ တွေးလိုက်ကြသည်။ "ဒါက တိုင်ဧကရာဇ်ရဲ့ လက်ဆင့်ကမ်းလာတဲ့ လျှို့ဝှက်ခံစစ် မှော်ကျိန်စာဖြစ်တယ်"
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) Unicode
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမှာ သမိုင်းဝင်န...