စာစဥ် ၄၉ : အပိုင်း ၁၆
အပိုင်း ၉၄၆ : အခက်ကြုံနေသည့် မိစ္ဆာများ
လုယွမ် မဟာပဏ္ဍိတသည် သူ၏ပါးစပ်အား ဟလိုက်ကာ အဖြူရောင် အလင်းတန်း တစ်ခုအား ထုတ်လွှတ်လိုက်၍ ဆာရို မှော်သစ်ပင်ထံသို့ ခုန်အုပ်လိုက်သည်။
ကျူးအာ မဟာပဏ္ဍိတကလည်း သူ၏ပါးစပ်မှ အနက်ရောင် မြူခိုးငွေ့များအား မှုတ်ထုတ်လိုက်၏။ ပြီးတာနှင့် ထိုမြူခိုးငွေ့များသည် သူ၏ တစ်ကိုယ်လုံးအား ဖုံးလွှမ်းသွားခဲ့ကာ သူ၏ ဧရာမ ပုံစံဖြင့် သစ်ပင်အား ဝင်တိုက်လိုက်သည်။
ယုအောက် နဂါးဘုရင်၏ တစ်ကိုယ်လုံးတွင် အဖြူရောင် အလင်းတန်းများ တောက်ပလာခဲ့၍ အဖြူရောင် တိမ်တိုက်များ တစ်စုပြီးမှ တစ်စုတို့ ထွက်လာကြကာ ဆာရိုသံမဏိ သစ်ပင်အား လွှမ်းခြုံသွားသည်။
ချန်ကောင်းကင် မှော်ကျိန်စာ ဓားသွားသည် ခေတ္တမျှ တွေဝေနေခဲ့ကာ သက်ပြင်းတစ်ချက် ချလိုက်ပြီး တောက်ပလှသည့် ဓားအလင်းတန်း တစ်ခုအဖြစ်သို့ ပြောင်းသွားခဲ့သည်။ သူသည် ဆာရို မှော်သစ်ပင်ထံသို့ ကောင်းကင်ပေါ်မှ ရွှေရောင် နဂါးငွေ့တန်း တစ်ခုအလား ကျဆင်းလာခဲ့သည်။
သူတို့ လေးယောက်သားသည် အတူတကွ တိုက်ခိုက်လိုက်ကြရာ ဆာရို မှော်သစ်ပင်၏ သစ်ရွက်များသည် ပြင်းထန်စွာနှင့် တုန်ခါသွားကြ၏။ ရွှေရောင်ရင့်ရင့် အလင်းတန်းများသည် စုစည်းလာခဲ့ကာ အစိုင်အခဲ အဖြစ်သို့ ပြောင်းသွားခဲ့၍ ခက်ထန်သော တိုက်ခိုက်မှုများအား တားဆီးလိုက်သည်။
ဆာရို မှော်သစ်ပင်၏ ဖျက်ဆီး၍ မရနိုင်သော ထာဝရ သဘာဝ စွမ်းအားများအပြင် လင်းဖုန်းသည် သူ၏ အတွင်းသို့ ယင်-ယန် ဖန်ဆင်းခြင်းနှင့် ယိုယွင်းခြင်း ဝင်္ကပါ၊ ကောင်းကင် သယ်ယူပို့ဆောင်ခြင်း နည်းစနစ်နှင့် ကောင်းကင်အစွန်းရောက် စကြာဝဠာ အလင်းတန်းတို့အား ထည့်သွင်း၍ ကျင့်ကြံထားခဲ့သည်။ သူ၏ ခံစစ်စွမ်းအားများသည် မသေဝိညာဥ် တတိယ အဆင့်မှ ဆာရို မဟာပဏ္ဍိတထက်ပင် ပို၍ ကောင်းမွန်ပေသည်။
လုယွမ် မဟာပဏ္ဍိတနှင့် အပေါင်းပါတို့၏ တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရသော အခါ တူညီသော အဆင့်မှ ဆာရို မဟာပဏ္ဍိတနှင့် သန့်စင်သော သွေးမျိုးဆက် ရွှမ်းဝူတို့သည်ပင်လျှင် ထိုတိုက်ခိုက်မှုများကို ရင်ဆိုင်နိုင်လိမ့်မည် မဟုတ်ကြချေ။ သို့သော်လည်း လင်းဖုန်း၏ ဆာရို မှော်သစ်ပင်သည် မိစ္ဆာသုံးကောင်နှင့် ဓားတို့၏ တိုက်ခိုက်မှုများကို အပြည့်အဝ ခုခံကာကွယ် နိုင်ခဲ့သည်။
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) Unicode
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမှာ သမိုင်းဝင်န...