အပိုင်း ၉၁၀ : ကောင်းကင်အောက်မှ မဟာပညာရှင်တို့၏ တိုက်ပွဲ (၁)

306 37 2
                                    

စာစဥ် ၄၇ : အပိုင်း ၂၀

အပိုင်း ၉၁၀ : ကောင်းကင်အောက်မှ မဟာပညာရှင်တို့၏ တိုက်ပွဲ (၁)

လင်းဖုန်းနှင့် နီရဲသော ဂေါ်ရီလာ မဟာပဏ္ဍိတတို့၏ စူးရှသော အမြင်ဖြင့် ထိုမျောက်သည် အစောပိုင်းက အဖြူရောင် ကျောက်စိမ်းနဂါး အသွင်သို့ ပြောင်းသွားခဲ့ချိန်တွင် ပုံရိပ်ယောင် မှော်ကျိန်စာ တစ်ခုကို ဖော်ထုတ်လိုက်ခြင်း မဟုတ်ဟူ၍ ခွဲခြားသိမြင်နိုင်ခဲ့ကြသည်။

သူသည် ထိုအချိန်တွင် အသက်ရှူနေသော သက်ရှိ ကျောက်စိမ်းနဂါး တစ်ကောင် အဖြစ်သို့ ပြောင်းသွားခဲ့ခြင်း ဖြစ်သည်။ ဗီပရာလိုပါ အဆင့်မှ စွမ်းအားများကို ပိုင်ဆိုင်ထားသော အဖြူရောင် ကျောက်စိမ်းနဂါး ဖြစ်၏။

နဂါးများသည် ကာဒီနယ် ကပ်ဘေးများကို ပြီးမြောက်သွား၍ ဗီပရာလိုပါ အဆင့်သို့ ရောက်သွားကြပြီးသော အခါ သူတို့သည် အခြား မိစ္ဆာမျိုးနွယ်စုများနှင့် ကွဲပြားခြားနားစွာ အသွင်ပြောင်းသွားခဲ့သည်။

မိုးပြာရောင် နဂါးဖြစ်စေ၊ အဝါရောင် နဂါးဖြစ်စေ၊ မီးလျှံနဂါး ဖြစ်စေ၊ အဖြူရောင် ကျောက်စိမ်းနဂါး ဖြစ်စေ သူတို့၏ သွေးများသည် သန့်စင်သွားကြကာ ရှေးကျ၍ အစွမ်းထက်သော ရှေးပဝေသဏီမှ နတ်နဂါးများ အဖြစ်သို့ ပြောင်းသွားကြသည်။

အမှန်အတိုင်း ပြောရလျှင် ထိုအဆင့်သို့ ရောက်သွားကြပြီးသော နဂါးများကသာ သန့်စင်သော သွေးမျိုးဆက် ရှေးပဝေသဏီမှ နတ်နဂါးများ ဟူ၍ ခေါ်နိုင်ကြခြင်း ဖြစ်သည်။ အခြားစကားလုံးများအရ ဗီပရာလိုပါ အဆင့်မှ အဖြူရောင် ကျောက်စိမ်းနဂါးဟူ၍ မရှိချေ။ ဗီပရာလိုပါ အဆင့်သို့ ရောက်နေခဲ့သော ထိုမျောက်ကသာ ဗီပရာလိုပါ အဆင့်မှ အဖြူရောင် ကျောက်စိမ်းနဂါး  အဖြစ်သို့ ပြောင်းသွားခဲ့ခြင်း ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ဤမျောက်သည် ကမ္ဘာအတွင်းမှ တစ်ဦးတည်းသော မန္တန်တစ်သောင်းမျောက် ဖြစ်နေသောကြောင့် ဖြစ်သည်။ သူ၏ မူလရင်းမြစ်မှာ လျှို့ဝှက်ဆန်းကြယ်သည်။ ကောင်းကင်ထံမှ မွေးဖွားလာခဲ့သည်ဟု ထင်နေရသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now