အပိုင်း ၉၂၄ : မင်းကို ဘာမှမဟုတ်သလို သဘောထားမယ်

325 30 0
                                    

စာစဥ် ၄၈ : အပိုင်း ၁၄

အပိုင်း ၉၂၄ : မင်းကို ဘာမှမဟုတ်သလို သဘောထားမယ်

"နံပါတ်ခြောက် ဂျူနီယာ" ဝမ်လင်းက လီယွမ်ဖန်းထံသို့ လှည့်ကြည့်လိုက်ရာ သူကခေါင်းကို ညိတ်ပြလိုက်ကာ လေးထောင့် ကမ္ဘာဦး သံလိုက်စွမ်းအား သတ္တုရိုင်းအား ဝမ်လင်းထံသို့ လက်ဆင့်ကမ်းလိုက်သည်။

ထိုကမ္ဘာဦး သံလိုက်စွမ်းအား သတ္တုရိုင်း ပေါ်လာသည့်အခါ ဝင်ရိုးစွန်း သံမဏိ သတ္တုတွင်း တစ်ခုလုံး ပြင်းထန်စွာနှင့် တုန်ခါလာခဲ့သည်။

ခက်ထန်လှသော ကမ္ဘာဦး သံလိုက်စွမ်းအား တစ်ခုသည် အကောင်အထည် ပေါ်လာ၍ ဝမ်လင်းနှင့် ကျန်သောသူများ ရှိနေသည့် လေဟာနယ်ကို တွန့်လိမ်အောင် လုပ်နေသည့်ပုံ ပေါက်နေခဲ့သည်။

ဝမ်လင်း၏ အမူအရာများသည် မပြောင်းလဲခဲ့ပေ။ သူသည် အရာအားလုံးတို့အား တည်ငြိမ်စွာဖြင့် ကြည့်နေခဲ့၍ ရုတ်တရက်ပင် သူ၏ခေါင်းပေါ်မှနေ၍ ဧရာမ တံခါးတစ်ချပ် ပေါ်လာခဲ့သည်။ ထိုတံခါးသည် တစ်ခြမ်းဖြူ၍ တစ်ခြမ်းနက်သည်။ သူ၏ဘယ်ဘက်တွင် မင်ကဲ့သို့ မည်းနက်နေ၍ အရိပ်များက ပေါ်နေခဲ့ကာ ဖန်ဆင်းခြင်း၏ ပြောင်းလဲမှုများဖြင့် တုန်ခါနေခဲ့၏။ သူသည် အစီအစဥ် ကျနကာ အဆုံးမဲ့ မျှော်လင့်ချက်များဖြင့် ပြည့်နေသည်။ သူသည် ရှေးကျကာ ထာဝရဟု ထင်နေရသည်။

တံခါး၏ အခြားတစ်ဘက်ခြမ်းမှာ ကျောက်စိမ်းကဲ့သို့ အဖြူရောင် ဖြစ်သည်။ သူ၏အပေါ်တွင် ထွင်းထုထားသော ရုပ်ပုံများမှာ အဆက်မပြတ် ပြောင်းလဲနေကြ၍ ရှုပ်ထွေးနေကာ အစီအစဥ် မကျပေ။ သို့သော်လည်း သူသည် တုနှိုင်းမဲ့ ဖြစ်နိုင်ခြေများနှင့် ပြည့်ဝနေခဲ့ကာ လူအားလုံးတို့၏ နှလုံးသားများကို မျှော်လင့်ချက်များဖြင့် ပြည့်စေခဲ့သည်။

ဒါသည် ဝမ်လင်း၏ အသွင်သဏ္ဌာန်လေးမျိုး နယ်နိမိတ် မှော်ကျိန်စာ၏ ဒုတိယ ကမ္ဘာဖြစ်သော ရှေးဟောင်းနှင့် လက်ရှိကမ္ဘာ ဖြစ်သည်။

ရှေးဟောင်းနှင့် လက်ရှိကမ္ဘာ တံခါးပွင့်သွားသောအခါ သူသည် ချက်ချင်းပင် ပြန်ပိတ်သွား၏။ အချိန်ကာလသည် အနောက်သို့ ပြန်ဆုတ်သွားသည်ဟု ထင်နေရကာ ထူးခြားဆန်းကြယ်သော စွမ်းအားတစ်ခုက ကမ္ဘာဦး သံလိုက်စွမ်းအားများကို လွှမ်းခြုံသွားကြသည်။ ပတ်ဝန်းကျင်မှ ကမ္ဘာဦး သံလိုက်စွမ်းအားများကလည်း တဖြည်းဖြည်း ငြိမ်သက်သွားကြသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now