စာစဥ် ၄၉ : အပိုင်း ၁၁
အပိုင်း ၉၄၁ : ပို၍ပို၍ များလာသော လူများ
လုယွမ် မဟာပဏ္ဍိတသည် ဝမ်လင်းထံသို့ အေးစက်စွာနှင့် စိုက်ကြည့်နေခဲ့ကာ ပြောလိုက်သည်။ "အရမ်းကောင်းတယ်… ကောင်စုတ်လေး… အခုငါ့စိတ်ကို ပြောင်းလိုက်ပြီ… မင်းကို သတ်လိုက်ပြီး ဟိုတစ်ယောက်ကို ယုအောက်နဲ့ သူ့မိတ်ဆွေအတွက် ချန်ထားပေးလိုက်မယ်"
သူသည် ဟိန်းဟောက်လိုက်ကာ ဝမ်လင်းထံသို့ ထပ်မံ၍ ခုန်အုပ်လိုက်သည်။ သူ၏ မိစ္ဆာဝိညာဥ်နှင့် ရုပ်ကိုယ်ခန္ဓာတို့သည် ဖျက်ဆီးခြင်း စွမ်းအားများမှ ဒဏ်ရာရထားခဲ့သော်လည်း သူ၏ ခွန်အားများမှာ သန်မာနေဆဲ ဖြစ်၏။ အစောပိုင်းမှ တိုက်ခိုက်မှုတွင် ဝမ်လင်းက အသာစီး ရထားခဲ့သော်လည်း လုယွမ် မဟာပဏ္ဍိတအား ရင်ဆိုင်ရသော အခါ သူသည် ကြီးမားသော ဖိအားများနှင့် ရင်ဆိုင်ခဲ့ရသည်။
သို့သော်လည်း ဝမ်လင်း၏ အမူအရာများသည် မပြောင်းလဲခဲ့ပဲ လုယွမ် မဟာပဏ္ဍိတနှင့် ဆက်လက်၍ တိုက်ခိုက်နေခဲ့သည်။ သူသည် ချူးယန်၊ ယန်ချင်၊ လီယွမ်ဖန်းနှင့် လော်ချင်းဝူတို့အား အနက်ရောင် တောင်ထံသို့ စေလွှတ်ခဲ့ရန်ပင် အချိန်ရှိနေခဲ့သည်။
လုယွမ် မဟာပဏ္ဍိတသည် ပိုမို၍ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်၍ တောင်ရှိရာထံသို့ ဦးတည်လိုက်သော်လည်း ဝမ်လင်း၏ ဟန့်တားခြင်းကို ခံခဲ့ရသည်။
ယုအောက် နဂါးဘုရင်နှင့် ကျူးအာ မဟာပဏ္ဍိတတို့ ပေါ်လာအပြီးတွင် ဝမ်လင်းသည် သူ၏ ဂျူနီယာများက ခြုံခို အတိုက်ခိုက်ခံရမည်ကို စိတ်မပူနေတော့ချေ။
"လုယွမ် မဟာပဏ္ဍိတက တောင်နဲ့ အနက်ရောင် ချိန်းကြိုးတို့ကို ကျင့်ကြံနေတာကို ယာယီ ရပ်တန့်ထားတယ်… ကျန်တဲ့ အရာအားလုံးတို့က ဆက်လက်ပြီး ရှေ့ဆက်နေကြတယ်… အချိန်ကြာလာတာနဲ့ အမျှ သူ့ရဲ့ ပြင်ဆင်မှုတွေက အပြီးသတ်သွားလိမ့်မယ်… အဲ့ဒီအချိန်ကျရင် တောင်နဲ့ ချိန်းကြိုးတွေကို ကျင့်ကြံလို့ ရတော့မှာ မဟုတ်ဘူး"
ဝမ်လင်းသည် ငရဲကမ္ဘာ ပုတီးလုံးအား ယန်ချင်အား ပေးလိုက်၍ တိုးတိုးလေး ပြောလိုက်သည်။ "ငါပြောသလို လုပ်လိုက်ရင် တောင်အတွင်းက တည်ဆောက်ထားတာတွေကို ဖျက်ဆီးနိုင်လိမ့်မယ်… ဒါပေမဲ့ အတွင်းမှာ ကောင်းကင်သယ်ဆောင် ပုရွက်ဆိတ် ကိုယ်ပွားတွေ ရှိနေနိုင်သေးတဲ့ အတွက် သတိတော့ ထားမှရမယ်"
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) Unicode
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမှာ သမိုင်းဝင်န...