စာစဥ် ၅၃ : အပိုင်း ၁
အပိုင်း ၁၀၁၁ : ငါက မင်းကိုတောင် အနိုင်မတိုက်နိုင်ဘူး
အသွင်သဏ္ဌာန် ခြောက်မျိုးဓားသည် ကွဲပြားသော အစွမ်းသတ္တိ ခြောက်မျိုးဖြင့် ခြားနားသော ပုံစံခြောက်မျိုး ပုံစံကို ယူနိုင်သဖြင့် ထိုကဲ့သို့ နာမည်ရခြင်း ဖြစ်သည်။ သူသည် သန္ဓေလောင်း အဆင့်မှ မှော်ရတနာများ အနက် အတော်ပင် ထူးချွန်ပြောင်မြောက်သော မှော်ရတနာ တစ်ခုဖြစ်သည်။
သို့သော်လည်း ဤမှော်ရတနာ အနေဖြင့် ပွားစည်းခြင်း အဆင့်သို့ ရောက်လိုလျှင် အခြားသူများနှင့် စာလျှင် များစွာပို၍ လုံ့လထုတ်ရန် လိုအပ်သည်။
အသွင်သဏ္ဌာန် ခြောက်မျိုးဓားတွင် အနက်၊ အဖြူ၊ အဝါ၊ အစိမ်း၊ အနီနှင့် အပြာဟူ၍ ရတနာ အလင်းတန်း ခြောက်မျိုးရှိသည်။ အရောင်တစ်မျိုးစီသည် ပုံစံတစ်မျိုးစီအား ကိုယ်စားပြုနေသည်။
ဝဲပျံနေသော နဂါးလှေသည် အစိမ်းရောင် ဖြစ်ကာ ကောင်းကင်ယံတွင် အကြောက်အလန့် ကင်းမဲ့စွာ ပျံသန်းနိုင်သည်။
အေကာလာ ဟင်းလင်းပြင်ဒိုင်းသည် အပြာရောင်များဖြင့် လင်းလက်နေ၍ သူ၏ ခံစစ်စွမ်းရည်နှင့် အကာအကွယ် စွမ်းအားများမှာ စံပြဖြစ်သည်။
မျှတမှု လမ်းစဥ်ဓားသည် အဖြူရောင် အလင်းတန်းများဖြင့် လင်းလက်နေ၍ အန္တိမ တရားမျှတခြင်း အော်ရာများကို ပိုင်ဆိုင်ထားသည်။ သူသည် ကောင်းကင်အား ခုတ်ပိုင်းကာ ကမ္ဘာကြီး အတွင်းမှ မကောင်းဆိုးဝါးများကို ဖယ်ရှားပေးနိုင်သည်။
အနီရောင် တယန်ဆေးမီးဖိုသည် ဆေးလုံးဖော်စပ်ရာတွင် အသုံးပြုနိုင်၏။ သူသည် ရန်သူများကိုလည်း ချုပ်နှောင်၍ ချေဖျက်နိုင်သည်။
သူတော်စင် ချုပ်နှောင်ကျိန်စာသည် အဝါရောင် အလင်းတန်းများဖြင့် လင်းလက်နေ၍ ရန်သူများ၏ မှော်စွမ်းအင်များကို ချုပ်နှောင်ကာ အကျဥ်းသားများ အဖြစ် ဖမ်းဆီးနိုင်သည်။
သူ၏ နောက်ဆုံးပုံစံမှာ အနက်ရောင် အလင်းတန်းများဖြင့် လင်းလက်နေသည့် ထက်မြက်သော မည်းမှောင်သည့် ဆူးချွန်ဖြစ်ကာ ကောင်းကင် အတွင်း၌ ရွေ့လျားနေသည်။ သူသည် အတုအယောင်နှင့် အစစ်အမှန် ကမ္ဘာအတွင်းသို့ ကူးပြောင်းနိုင်၍ မှေးမှိန်နေကာ သာမန် မျက်စိများဖြင့် တွေ့နိုင်မည် မဟုတ်ချေ။ သူ၏ တုန်ခါမှုနှုန်းမှာ လျှင်မြန်လွန်း၍ သူ၏ နေရာအတိအကျအား ခန့်မှန်းရန် ခက်ခဲသည်။
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) Unicode
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမှာ သမိုင်းဝင်န...