စာစဥ် ၅၆ : အပိုင်း ၁၈
အပိုင်း ၁၀၈၈ : ငရဲကမ္ဘာ ပင်လယ် အတွင်းသို့ လိုက်လံ တိုက်ခိုက်ကြခြင်း
ရှောင်ကျန်းအာသည် လင်းဖုန်းနှင့် ကျန်သောသူများအား နှုတ်ဆက်လိုက်၏။ ယန်နန်းလိုင်အား တွေ့လိုက်သောအခါ သူက ပြောလိုက်သည်။ "အကြီးအကဲဝူ ရောက်လာပြီးတော့ အထဲကို ဝင်သွားပြီ"
ယန်နန်းလိုင်သည် စကားမပြောခဲ့ပဲ သူ၏ခေါင်းကို ညိတ်လိုက်သည်။ လင်းဖုန်း၏ အမူအရာများသည်လည်း မပြောင်းလဲခဲ့ပေ။ လင်းဖုန်းက ပြောလိုက်သည်။ "ကျုပ်တပည့် ဝမ်လင်းက ဒီနေရာကို မကြာခင် ရောက်လာပြီး ဝင်ပေါက်ကို စောင့်ပေးလိမ့်မယ်… အချိန်က လူကို မစောင့်ဘူး… အရင် ဝင်သွားကြစို့"
"တောက်ဟန်… ဒီနေရာမှာ နေနေပြီး မာစတာလင်းရဲ့ တပည့်ကို စောင့်နေပါ" ယန်နန်းလိုင်က လင်းတောက်ဟန်ကို ပြောလိုက်၏။ လင်းတောက်ဟန်ကလည်း သူ၏ ခေါင်းကို ညိတ်လိုက်သည်။ "ဟုတ်ကဲ့ပါ… ဆရာ"
ဂူကျွန်းသည် ရှောင်ကျန်းအာအား ကြည့်ကာ သက်ပြင်းချလိုက်သည်။ "ကျန်းအာ… ငါတို့နဲ့ လိုက်ခဲ့ပါ"
ရှောင်ကျန်းအာက ပြန်ပြောလိုက်သည်။ "ကျေးဇူးပါ… အဖေ"
လင်းဖုန်းသည် သူ၏ခေါင်းကို ညိတ်ကာ ပြောလိုက်သည်။ "သွားကြစို့" ပြီးတာနှင့် သူသည် ငရဲကမ္ဘာ ပင်လယ်၏ အက်ကွဲကြောင်း အတွင်းသို့ ဝင်သွား၏။ ယန်နန်းလိုင်၊ ဂူကျွန်း၊ ချင်းနင်သူတော်စင်တို့ကလည်း အနောက်မှ လိုက်သွားကြသည်။
အက်ကွဲကြောင်း အတွင်းသို့ ဝင်သွားပြီးသော အခါ အားလုံးတို့၏ မျက်လုံးများ အတွင်းတွင် ကပ်ဘေးမြင်ကွင်းများ ပေါ်လာကြ၏။ အားလုံးတို့သည် ထိုမြင်ကွင်းများကို မြင်လိုက်ရသော အခါ ထိတ်လန့် တုန်လှုပ်သွားကြသည်။ သို့သော်လည်း သူတို့အား ကပ်ဘေးများနှင့် ခွဲခြားထားသော အရံအတား တစ်ခု ရှိနေသည့်ပုံ ပေါက်နေသည်။
ထိုအရံအတားသည် ထိုကပ်ဘေးများအား လုံးဝ မရပ်တန့်ပဲ အားနည်းစေရုံသာ လုပ်နိုင်သည်။ ထို့ကြောင့် မြောက်မြားစွာသော ငရဲပြည်က ရောင်ခြည်နတ်ဆိုး မီးတောက်၊ အကြွင်းမဲ့ သွေးမြစ်ရေ၊ ငရဲကိုးလွှာ လေပြင်း၊ ငရဲကမ္ဘာ အကြွင်းမဲ့ရေနှင့် အဝီစိ ငရဲမုန်တိုင်းတို့သည် လင်းဖုန်းနှင့် ကျန်သောသူများထံသို့ ဝင်ရောက်လာကြလေ၏။
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) Unicode
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမှာ သမိုင်းဝင်န...