အပိုင်း ၇၆၁ - ၇၆၂

421 43 0
                                    

စာစဥ် ၄၀ : အပိုင်း ၁၁

အပိုင်း ၇၆၁ : လျှို့ဝှက် ဆောင်ရွက်မှုများ

လျှမ်ပန်းနှင့် ရှီယုတို့သည် လင်းဖုန်း၏ သံမဏိသစ်ပင် ကိုယ်ပွားသည် အနီရောင် နဂါးဘုရင်၏ အနောက်မှ တိတ်တိတ်ကလေး လိုက်သွားသည်ကို သတိထားမိခဲ့သည်။ သို့သော်လည်း သူတို့သည် ယုကျင်းတောင်ပေါ်မှ လင်းဖုန်း၏ မူလခန္ဓာကိုယ်ကိုသာ အာရုံစိုက်ထားခဲ့၍ သူ၏ကိုယ်ပွားအား ဂရုသိပ်မစိုက်ခဲ့ကြပေ။

သို့တိုင်တောင် သူတို့သည် သူတို့၏ အသိစိတ် တစ်စအား ထုတ်လွှတ်လိုက်ကာ မမျှော်လင့်သော အဖြစ်အပျက်များ ဖြစ်လာမည်ကို ကာကွယ်သည့် အနေဖြင့် လင်းဖုန်း၏ သံမဏိသစ်ပင် ကိုယ်ပွားအား စောင့်ကြည့်နေခဲ့ကြသည်။

လင်းဖုန်းကလည်း ဤအရာကို ကြိုတွက်ပြီးသား ဖြစ်၏။ လင်းဖုန်းသည် အနီရောင် နဂါးဘုရင်နှင့် ပတ်သတ်၍ တစ်ခုခု မှားယွင်းနေသည်ဟု ခံစားမိနေရသဖြင့် သူ၏ သံမဏိသစ်ပင် ကိုယ်ပွားသည် အနီရောင် နဂါးဘုရင် အနောက်သို့ တိတ်တဆိတ် လိုက်သွားခဲ့ခြင်း ဖြစ်သည်။

သူ၏ ဒုတိယ ရည်ရွယ်ချက်မှာ သူ၏ လျှို့ဝှက် အကြံအစည်အား တိတ်တိတ်ကလေး ဆောင်ရွက်နိုင်ရန်  လျှမ်ပန်းနှင့် ရှီယုတို့အား အာရုံပျံ့လွင့်စေရန် ဖြစ်သည်။

လျှို့ဝှက်ဆန်းကြယ်သော မှော်သင်္ကေတများ တစ်တန်းပြီးမှ တစ်တန်းတို့သည် အတူတကွ ပေါင်းစည်းသွားကြကာ အရန်အတား ချိုးဖောက်ကျောက်တုံး၊ ကောင်းကင်ယောက်သွား ရွှေပုလဲတို့နှင့် ပေါင်းစပ်သွားကြ၍ သေးငယ်သော အလင်းတန်း အစက်လေး တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ ထိုအလင်းစက်ကလေးသည် လျှမ်ပန်းနှင့် ရှီယုတို့က သူ၏ သံမဏိသစ်ပင် ကိုယ်ပွားကြောင့် အာရုံပျံ့လွင့်သွားသည့် အချိန်လေးကို အသုံးချကာ ယုကျင်းတောင်မှ တိတ်တိတ်ကလေး ထွက်ခွာသွားခဲ့သည်။

ထူးခြားဆန်းကြယ်သော မှော်သင်္ကေတ အလွှာများသည် မှော်အရန်အတား တစ်ခုအနေနှင့် ထိုအလင်းစက်လေး၏ လှုပ်ရှားမှုကို ဖုံးကွယ်ထားသဖြင့် လျှမ်ပန်းနှင့် ရှီယုတို့က သတိထားမိမည် မဟုတ်ချေ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now