အပိုင်း ၈၉၅ : လင်းဖုန်းအား နွေးထွေးစွာ ကြိုဆိုခြင်း

372 36 0
                                    

စာစဥ် ၄၇ : အပိုင်း ၅

အပိုင်း ၈၉၅ : လင်းဖုန်းအား နွေးထွေးစွာ ကြိုဆိုခြင်း

လင်းဖုန်းသည် ထောင်ထောင်လွှားလွှား မနေချင်သော်လည်း သူ၏ ကိုယ်ပိုင်အော်ရာအား ဖုံးကွယ်ထားရန်လည်း မကြိုးစားခဲ့ပေ။ သူ၏ အသိစိတ်အား အသုံးပြုကာ ထိုနေရာကို ဝေ့ကြည့်လိုက်၍ ရွှေပုစဥ်း ဆရာတော်အား ရှာဖွေလိုက်သည်။

သူသည် ရှောင်စီကျိတောင် နယ်နိမိတ် အတွင်းသို့ ဝင်လိုက်သည့် အချိန်တွင် အဖြူနှင့် အနီရောင်တောင်သည် တုန်ခါသွားခဲ့ကာ တောင်ထိပ်ပိုင်းတွင် ဧရာမ အလင်းတန်း ပုံရိပ်ယောင် တစ်ခုက ပေါ်လာခဲ့သည်။

ထိုပုံရိပ်ယောင်သည် အဖြူရောင်ခေါင်းနှင့် အနီရောင် ခြေလက်များကို ပိုင်ဆိုင်ထားသော လူဝံတစ်ကောင်၏ ပုံနှင့် တူနေခဲ့သည်။ အရောင်များ၏ ပေါင်းစပ်ပုံသည် ရှောင်စီကျိတောင်နှင့် ဆင်တူနေခဲ့ကာ မြေကြီးနှင့် ထိတွေ့နေသော ခြေလက်လေးချောင်းတို့သည် တောက်လောင်နေသော မီးတောက်များနှင့် တူနေခဲ့သည်။

သူသည် အရွယ်အစား ကြီးမားလှ၍ ကောင်းကင် တစ်ခုလုံး၏ အလေးချိန်အား သူ၏ ပုခုံးများ အပေါ်၌ တင်ထားခဲ့သည်ဟု ထင်နေရသည်။ သူ့တွင် အစိမ်းရောင် အလင်းတန်းများဖြင့် လင်းလက်နေသည့် အနီရောင် မျက်လုံးများဖြင့် လင်းဖုန်းအား စိုက်ကြည့်နေခဲ့သည်။

လင်းဖုန်းသည် သူ၏အကြည့်ကို ရင်ဆိုင်လိုက်ကာ ရေရွတ်လိုက်သည်။ "အနီရောင် ဂေါ်ရီလာ မဟာပဏ္ဍိတပဲ.. သူ့ရဲ့ မှော်စွမ်းအင် တုန်ခါမှုတွေအရ သူဟာ ကပ်ဘေးတွေကို စတင်ရင်ဆိုင်နေပြီ ဖြစ်တယ်.. ဒါပေမဲ့ သူက အယ်လ်ဖာ ကပ်ဘေးတွေကို ပြီးမြောက်ပြီလား ဆိုတာကိုတော့ မပြောနိုင်ဘူး"

ဒဏ္ဍာရီများ အရ အနီရောင် ဂေါ်ရီလာ လူဝံများသည် သူတို့ကိုယ်သူတို့ ဖော်ပြခဲ့သော အချိန်တွင် ကမ္ဘာကြီးတွင် တိုက်ပွဲများ ဖြစ်သွားမည် ဖြစ်သည်။ လင်းဖုန်းသည် ကမ္ဘာအတွင်းရှိ သက်ရှိ စိတ်ဝိညာဥ်များ အားလုံးတို့ကို တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်စေလိုနေသည့် ရန်တိုက်ပေးနေလိုသော အော်ရာများကို ခံစားနေရသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now