အပိုင်း ၉၉၁ မှ ၉၉၅

454 29 0
                                    

စာစဉ် ၅၂ : အပိုင်း ၁

အပိုင်း ၉၉၁ : ဟင်းလင်းပြင် ဘုရားကျောင်းသည် ပထမ ရွေးချယ်မှု မဟုတ်တော့ပေ

ဟင်းလင်းပြင် ဘုရားကျောင်းမှ လေးယောက်အနက် အခြေတည်ဝိညာဉ် အလယ်အလတ် အဆင့်မှ ထန်ရှန်းမှလွဲ၍ ကျန်သောသုံးယောက်သည် ရွှေရောင်ဗဟိုချက် နောက်ဆုံး အဆင့်တွင် ရှိသည်။ ပြင်ပရုပ်သွင်နှင့် တကယ့်အသက်တို့သည် ကွာခြားမှုများ ရှိသော်လည်း သူတို့တစ်ယောက်မှ အသက်မကြီးကြသေးပေ။

သူတို့အား ကြည့်ကာ ယန်တီက မေးလိုက်၏။ "မိတ်ဆွေတို့ရဲ့ အစီအစဉ်က ဘယ်လိုလဲ"

တန်ရှင်းနှင့် ကျန်သောသူများသည် သူတို့၏ ပတ်ဝန်းကျင်အား အကဲခတ်၍ ယန်တီတို့ အဖွဲ့အား ပြန်ကြည့်လိုက်ကြသည်။ "ခင်ဗျားတို့က အပြင်ဘက်ကို လမ်းဖောက်ပြီး လေ့လာချင်နေတာလား"

ယန်တီက တည်ငြိမ်စွာဖြင့် ခေါင်းညိတ်လိုက်၏။ "ဟုတ်တယ်"

တန်ရှင်းနှင့် ကျန်သုံးယောက်တို့သည် ခေတ္တမျှ အချင်းချင်း ကြည့်လိုက်ကြကာ တန်ရှင်းက ပြောသည်။ "ခင်ဗျားတို့ ဦးတည်နေတဲ့ နေရာဟာ ကျုပ်တို့နဲ့ အကြီးအကဲချိုင်တို့ ကွဲကွာခဲ့တဲ့ နေရာဖြစ်တယ်… ကျုပ်တို့ကလည်း ကျုပ်တို့ အကြီးအကဲတွေနဲ့ တတ်နိုင်သမျှ မြန်မြန် ပြန်ဆုံချင်နေတယ် ဆိုတော့ ခင်ဗျားတို့နဲ့ အတူတူ ခရီးဆက်ချင်ပါတယ်"

ထိုစကားအား ကြားရသော အခါ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ သူများအားလုံး၏ မျက်နှာတွင် ထူးခြားသော အကြည့်တစ်မျိုး ပေါ်လာ၏။ တန်ရှင်းနှင့် ကျန်သောသူများကလည်း တွေးရခက်သွားကာ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားပုံ ပေါက်သွားသည်။

ယခင်က သူတို့ ဘယ်နေရာသွားသွား ဘာမှ မေးခွန်းထုတ်စရာ မလိုပဲ သူတို့ကသာ ဦးဆောင်သူများ ဖြစ်ကြသည်။

အထူးသဖြင့် ယခုရှိနေကြသူများ အနက် တန်ရှင်းကသာ တစ်ဦးတည်းသော အခြေတည်ဝိညာဉ် အဆင့်မှ ကျင့်ကြံသူ ဖြစ်သည်။ သို့သော်လည်း တန်ကျွင်းနှင့် ကျန်သော အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ ကျင့်ကြံသူများနှင့် ရင်ဆိုင်နေရသော အခါ သူတို့က အထက်စီးမှ ဆက်ဆံ၍ မသင့်တော်ပေ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now