အပိုင်း ၈၅၆ မှ ၈၆၀

406 41 0
                                    

စာစဥ် ၄၅ : အပိုင်း ၆

အပိုင်း ၈၅၆ : သံသရာ၏ လမ်းစဥ်ခြောက်သွယ်၊ ကမ္မ အနီရောင်ကြာပန်း

မဟာကောင်းကင် ခန်းမဆောင် အတွင်းတွင် သေးငယ်သော အလင်းတန်း ဘောလုံးနှင့် တူနေသော ကမ္ဘာငယ်တစ်ခု ရှိနေသည်။ ထိုကမ္ဘာငယ် အတွင်းမှ လူများအားလုံးတို့သည် စိုးရိမ်ပူပန်နေကြသည်။

သူတို့အားလုံးတို့သည် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းသို့ ရောက်ပြီးကတည်းက ဤကဲ့သို့သော အကျပ်အတည်းမျိုးနှင့် တစ်ခါမှ မကြုံခဲ့ရဖူးချေ။

တိမ်တိုက်ကြေးမုံမြို့နှင့် အံ့ဖွယ် ကောင်းကင်ကမ္ဘာ အတွင်းမှ သာမန်လူများကလည်း ထိတ်လန့်တုန်လှုပ်နေကြသည်။ သူတို့သည် ဤပဋိပက္ခအတွင်းမှ ဓားစာခံများ ဖြစ်သွားကြမည်ကို စိုးရိမ်နေကြ၍ ကြံရာမရ ဖြစ်နေကြ၏။

အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းကြောင့် ဒုက္ခရောက်ရသည်ဟု အပြစ်တင်နေကြသော အချို့သူများပင် ရှိကြသေး၏။ သို့သော်လည်း သူတို့သည် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ တိုးတက်လာမှုကြောင့် သူတို့၏ ဘဝများသည် အတိတ်ကာလက မည်မျှအထိ ကောင်းမွန်ခဲ့သည်ကို သတိမရကြတော့ပေ။

အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ တပည့်များသည် ဤကဲ့သို့သော အခြေအနေမျိုး ရောက်နေသော်လည်း အကောင်းမြင်နေကြသေးသည်။ သူတို့၏ အကြီးအကဲများသည် အခက်အခဲများကို ကျော်လွှားနိုင်၍ ရန်သူများကို တွန်းလှန်နိုင်ကြလိမ့်မည်ဟု ယုံကြည်နေကြသည်။

ဆက်ခံသူ တပည့်များသာ ဤကဲ့သို့ တွေးနေခြင်း မဟုတ်ပဲ အခြေခံ တပည့်များသည်ပင်လျှင် ဂိုဏ်းအပေါ်တွင် ယုံကြည်ချက် ရှိနေကြသည်။

သူတို့၏ ကျင့်ကြံမှု အဆင့်အတန်း နိမ့်ကျနေခြင်းကြောင့် ဤတိုက်ပွဲတွင် ဝင်မပါနိုင်ကြသည်ကို အားမလို အားမရ ဖြစ်နေကြ၏။

ငရဲမီး ချောက်ကမ်းပါးမှ တပည့်များ အတွင်းတွင် ယန်ဝူဝေက သစ္စာပြုလိုက်၏။ "အနာဂတ်မှာ ငါက စူတောင်ဓားဂိုဏ်း၊ သံသရာဂိုဏ်းနဲ့ အရှေ့ကောင်းကင် တံခါးဂိုဏ်းက တပည့်တွေကို တွေ့ခဲ့ရင် သူတို့ကို လုံးဝ အလွတ်မပေးဘူး"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now