အပိုင်း ၆၉၆-၆၉၇-၆၉၈-၆၉၉-၇၀၀

563 43 0
                                    

စာစဥ် ၃၇ : အပိုင်း ၆

အပိုင်း ၆၉၆ : အခုအချိန်မှာ လက်လျှော့လိုက်တာက နှစ်တစ်ရာ စောင့်နေရတာထက် ပိုကောင်းတယ်

ဇူရီက သူ့အားပေးထားသော ရွေးချယ်မှု နှစ်ခုနှင့် ရင်ဆိုင်လိုက်ရသောအခါ ရှုယွင်စန်းသည် မည်သို့မှ မတွေဝေနေခဲ့ပေ။ သူသည် ဇူရီ၏ အရှေ့တွင် ဒူးထောက်လိုက်ကာ ဦးတိုက်လိုက်သည်။

"ကျွန်တော်က စဥ်းစားဖို့ မလိုပါဘူး။ ကျွန်တော့်မှာ ဆရာရဲ့ တပည့်ဆက်ဖြစ်နေဖို့ အခွင့်အရေး နည်းနည်းလေးပဲ ရှိနေသေးရင် ကျွန်တော်က ပြစ်ဒဏ်ခံဖို့ လိုလားပါတယ်"

ဒုတိယ ရွေးချယ်မှုကို ရွေးလိုက်ခြင်းအားဖြင့် ရှုယွင်စန်းသည် မည်ကဲ့သို့ ဖြစ်လာမည်ကို သိနေပေသည်။

အံ့ဖွယ် ကောင်းကင်ကမ္ဘာတွင် အလုပ်ကြမ်း လုပ်ရမည် ဆိုသည်မှာ သတ္တုတွင်းများတွင် ကျောက်တူးရမည်ကို ဆိုလိုနေခြင်း ဖြစ်သည်။ ပုံမှန်တွင် ဒါသည် ကျင့်ကြံသူများက ပြုလုပ်ရသော ကိစ္စဖြစ်သော်လည်း ပင်ပန်း၍ ပညာသား မပါသော အချို့ကိစ္စများတွင် သာမန်လူအချို့ကလည်း အလုပ်လုပ်ကြသည်။ ဒါသည် ပြင်ပကမ္ဘာတွင် ကျောက်တူးသလောက် အန္တရာယ် မများသော်လည်း လွယ်ကူသော အလုပ်တစ်ခု မဟုတ်ပေ။

အထူးသဖြင့် မှောင်မှိုင်းသော အလင်းမဲ့သတ္တု ကဲ့သို့သော သတ္တုအနွယ်ဝင် စိတ်ဝိညာဥ် စွမ်းအင်များ ကြွယ်ဝသော သတ္တုများ ဖြစ်သည်။ သူတို့သည် ဓားသွားတမျှ ထက်မြက်ကြကာ ကျင့်ကြံသူများက ဂရုမစိုက်ကြသော်လည်း သာမန်သေမျိုးများကမူ ဂရုမစိုက်ပဲ မနေနိုင်ကြပေ။

ထို့ကြောင့် ထိုကဲ့သို့သော အလုပ်မျိုးသည် တကယ့် အလုပ်ကြမ်းဖြစ်သည်။ သာမန်အားဖြင့် ရာဇဝတ်သားများကသာ ထိုနေရာသို့ ပို့ဆောင်၍ အလုပ်လုပ်ရခြင်း ဖြစ်၏။ သူတို့သည် ပင်ပန်းကြီးစွာ အလုပ်လုပ်ရသည့်အပြင် လွတ်လပ်မှုကိုလည်း အကန့်အသတ် ခံထားရသည်။

အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းသည် သာမန်သေမျိုးများကို အနိုင်မကျင့်သော်လည်း အံ့ဖွယ် ကောင်းကင်ကမ္ဘာမှ သတ္တုတွင်းများတွင် အလုပ်လုပ်နေကြသော သူများမှာ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ တပည့်များ၏ အမိန့်အောက်တွင် ရှိနေကြသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeDonde viven las historias. Descúbrelo ahora