အပိုင်း ၇၁၆ မှ ၇၂၀

602 48 0
                                    

စာစဥ် ၃၈ : အပိုင်း ၆

အပိုင်း ၇၁၆ : တရားမဝင် ကျူးကျော်ဝင်ရောက်သူ

အရှေ့ပင်လယ် အတွင်းမှ မြစိမ်းရောင် လှိုင်းလုံးများက လှုပ်ရှားလျှက်ရှိကာ အဆုံးမရှိသော ပင်လယ်အတွင်းတွင် ရွှေရောင် အလင်းတန်းများက တောက်ပလျှက် ရှိကြ၏။ မိုးကုတ်စက်ဝိုင်းမှနေ၍ နံနက်ခင်း နေမင်းက မြင့်တက်လာသည်ကို ကြည့်နေရင်း လင်းဖုန်းနှင့် အဖွဲ့သည် တောင်ပေါ်သို့ ရောက်ရှိလာကြသည်။

သူတို့အုပ်စုတို့သည် ကျဲယုနှင့် ကွေနွားဘုရင်အပေါ်မှနေ၍ ထိုင်နေကြကာ ပင်လယ်အပေါ်မှ ကောင်းကင်မှနေ၍ ပျံသန်းလာကြသည်။ ပင်လယ်အတွင်းမှ လှိုင်းကြက်ခွပ်များကို ကြည့်လိုက်ကာ ရှောင်ယန်က ပြုံး၍ပြောလိုက်သည်။ "ကျွန်တော်က ရေခဲတွေနဲ့ ပြည့်နေတဲ့ မြောက်ဝင်ရိုးစွန်း ပင်လယ်ကိုပဲ တွေ့ဖူးခဲ့တာ။ အခုအရှေ့ပင်လယ်က လုံးဝကို ကွဲပြားခြားနားတဲ့ အတွေ့အကြုံ တစ်ခုပဲ"

လင်းဖုန်းက ပြောလိုက်၏။ "ကောင်းကင်ကနေပြီး သဘာဝရှုခင်း အမျိုးမျိုးကို ဖန်ဆင်းထားပေးခဲ့တယ်။ တစ်ခုချင်းစီက သူတို့ရဲ့ ကိုယ်ပိုင် ထူးခြားချက်တွေ ရှိနေကြတယ်"

လီယွမ်ဖန်းက သူ၏ခေါင်းကို ငုံ့လိုက်ကာ ကွေနွားဘုရင်အား ကြည့်ကာပြောလိုက်သည်။ "စီနီယာ ကွေနွားဘုရင်၊ အရှေ့ပင်လယ်မှာ ကျွန်တော်တို့ သတိထားသင့်တဲ့ အင်အားစု၊ ဒါမှမဟုတ် စွမ်းအားကြီးတဲ့ ကျင့်ကြံသူတွေကို ပြောပြပေးပါ"

"ပထဝီဝင် အနေအထားနဲ့ မဟာကျိုး အင်ပါယာတို့ရဲ့ ကန့်သတ်မှုကြောင့် အရှေ့ပင်လယ်မှာ ကျင့်ကြံသူနဲ့ ဂိုဏ်းတွေ အနည်းငယ်သာ ရှိတယ်။ ဒါပေမဲ့ သူ့ရဲ့ အရွယ်အစားကြောင့် မဟာကျိုး အင်ပါယာက နေရာတိုင်းကို တင်းတင်းကျပ်ကျပ် မထိန်းချုပ်နိုင်ဘူး"

"မင်းတို့ အထူးသတိထားရမယ့် ဂိုဏ်းတစ်ခုကတော့ လော်ဖူး လျှို့ဝှက်ဆန်းကြယ်သောကျွန်း ဖြစ်တယ်။ သူက အရှေ့ပင်လယ်မှာ အသန်မာဆုံးဂိုဏ်းပဲ ဖြစ်တယ်" ကွေနွားဘုရင်က ခေတ္တမျှ နားလိုက်ပြီးမှ ဆက်ပြောလိုက်၏။ "အရှေ့ကောင်းကင် တံခါးဂိုဏ်းအနေနဲ့ကတော့ ငါလည်း သိပ်မသိဘူး။ ငါသိထားသလောက်ကတော့ လော်ဖူး လျှို့ဝှက်ဆန်းကြယ်သောကျွန်းကတော့ အရှေ့ပင်လယ်မှာ အင်အားအကြီးဆုံးဂိုဏ်း ဖြစ်တယ်"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeDonde viven las historias. Descúbrelo ahora