အပိုင်း ၁၁၁၁ : ဟင်းလင်းပြင် ဘုရားကျောင်း၏ အကြံအစည်

276 22 0
                                    

စာစဥ် ၅၈ : အပိုင်း ၁

အပိုင်း ၁၁၁၁ : ဟင်းလင်းပြင် ဘုရားကျောင်း၏ အကြံအစည်

ယန်နန်းလိုင်၏ စူးစမ်းသော အကြည့်အောက်တွင် ထိုက်ရီသူတော်စင်၊ ကျန်းရီသူတော်စင်နှင့် ရွှမ်းလင်သူတော်စင်တို့သည် သူတို့၏ ခေါင်းများကို ခါလိုက်ကြသည်။ "ငါတို့က မလုပ်နိုင်ခဲ့ဘူး… ငါတို့က ဝိညာဥ်ပင်လယ်ကို ပြန်လည်ပြီးမှ မဖွင့်လှစ်နိုင်ခဲ့ဘူး"

ယန်နန်းလိုင်၊ ချင်းရီ သူတော်စင်မယ်နှင့် ရွှမ်းရီ သူတော်စင်တို့သည် သူတို့၏ ခေါင်းများကို ငြိမ်သက်စွာဖြင့် ညိတ်လိုက်ကြကာ ဘာမှ ဆက်မပြောတော့ပေ။

ဤအရာသည် အစကတည်းက စမ်းသပ်၍ အားထုတ်မှု သက်သက်သာ ဖြစ်၍ ရှုံးနိမ့်နိုင်သည်ကို မျှော်လင့်ထားပြီး ဖြစ်ကာ စိတ်ပျက်မှုများ မရှိခဲ့ပေ။ သို့သော်လည်း ဤအဖြစ်သည် ငရဲကမ္ဘာ ပင်လယ် တိုက်ပွဲကို နှောင့်နှေးစေခဲ့သဖြင့် အနည်းငယ် နှမြောစရာ ဖြစ်သွားသည်။

မှန်၏၊ ငရဲကမ္ဘာ ပင်လယ်အတွင်းမှ အခြေအနေသည် ဝိညာဥ်ပင်လယ်တွင် ပြဿနာ မရှိလျှင်ပင် ပဟေဠိ တစ်ခု ဖြစ်နေဆဲ ဖြစ်သော်လည်း သူ၏တန်ဖိုးကို သူတို့၏ နှလုံးသား အတွင်းတွင်သာ တွက်ချက်၍ရသည်။

ချင်းရီ သူတော်စင်မယ်က မေးလိုက်သည်။ "ဟေးဒီးစ် မျိုးနွယ်စုတွေက ဘယ်ရောက်နေသလဲ ဆိုတာကို အတည်ပြုလို့ ရရဲ့လား"

ကျန်းရီသူတော်စင်က သူ၏ခေါင်းကို ခါလိုက်ကာ ပြန်ဖြေလိုက်၏။ "မရဘူး… ငါတို့က သူတို့ရဲ့ တည်နေရာကို အာရုံခံလို့ မရသေးဘူး"

"ငါတို့အားလုံးက ငရဲကမ္ဘာ ပင်လယ်မှာ ဘာဖြစ်ခဲ့သလဲ ဆိုတာကို သိထားပြီးပြီ" ထိုက်ရီသူတော်စင်က သက်ပြင်းတစ်ချက် ချလိုက်သည်။ "ငါတို့က သေမင်းဧကရာဇ်ကို မဖမ်းဆီးနိုင်ခဲ့ပေမဲ့ အခြေအနေတွေက ဒီလို အဆင့်အထိ ရောက်သွားတာက လက်ခံနိုင်လို့ ရသေးတဲ့ ရလဒ်တစ်ခု ဖြစ်တယ်"

ကျန်းရီသူတော်စင်က ယန်နန်းလိုင်နှင့် ချင်းရီ သူတော်စင်မယ်တို့အား ကြည့်ကာ ပြောလိုက်သည်။ "ငါတို့က သေမင်းခန်းမက ကျန်နေတဲ့ လူတွေကို လိုက်လံ တိုက်ခိုက်နေတုံးပဲလား"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now