စာစဥ် ၄၆ : အပိုင်း ၂၀
အပိုင်း ၈၉၀ : လွတ်မြောက်ရန် အကြံအစည်
ကမ္ဘာဦးခေတ်၏ အဆုံးသတ်တွင် မူလကောင်းကင် ကမ္ဘာကြီးသည် နှစ်ပိုင်းပိုင်းသွားခဲ့ကာ တစ်ပိုင်းတွင် လူသားများ နေထိုင်ကာ တစ်ပိုင်းတွင် မိစ္ဆာများက ကျက်စားကြသည်။ လူသားကမ္ဘာအား နတ်ဘုရား နယ်မြေဟု ခေါ်တွင်၍ မိစ္ဆာများ နေထိုင်ရာ နေရာကို မဟာလွင်တီးခေါင် ကုန်းမြေဟု ခေါ်ကြသည်။
သူ၏ နာမည်တွင် လွင်တီးခေါင် ပါနေသော်လည်း ထိုနေရာသည် ခေါင်ကျသော ဖုန်းဆိုးမြေများ မဟုတ်ချေ။ ဤနာမည်ကို ခေါ်ရခြင်းမှာ ဤကမ္ဘာအတွင်းမှ စိတ်ဝိညာဥ် စွမ်းအင် စီးဆင်းမှုသည် လူသား ကျင့်ကြံမှုများနှင့် မသင့်လျှော်ပဲ မိစ္ဆာများ အတွက်သာ အကောင်းဆုံး ဖြစ်သောကြောင့် ဖြစ်သည်။
အင်မော်တယ်ဝိညာဥ် အဆင့်မှ ကျင့်ကြံသူများ အနေဖြင့် ကောင်းကင်နှင့် မြေကြီးတို့နှင့် တစ်သားတည်း ဖြစ်သွား၍ စိတ်ဝိညာဥ် စွမ်းအင်များကို စုပ်ယူရန် အခက်အခဲ မရှိချေ။ သို့သော်လည်း အင်မော်တယ်ဝိညာဥ် အဆင့်သို့ မရောက်ကြသေးသူများသည် မဟာလွင်တီးခေါင် ကုန်းမြေ အတွင်းတွင် လှုပ်ရှားရသည်မှာ အနည်းငယ် ခက်ခဲ၍ အကန့်အသတ်များ ရှိသည်။
ကန့်သတ်မှုသည် အဆိုးဝါးကြီးတော့ မဟုတ်ပေ။ တစ်ခုတည်းသော ခြားနားချက်မှာ ထိုကျင့်ကြံသူများသည် နတ်ဘုရား နယ်မြေနှင့်စာလျှင် မဟာလွင်တီးခေါင် ကုန်းမြေ အတွင်းတွင် စိတ်ဝိညာဥ် စွမ်းအင်များကို စုပ်ယူရသည်မှာ ပို၍ အချိန်ယူရခြင်း ဖြစ်သည်။ သာမန်အချိန်တွင် စိန်ခေါ်မှု သိပ်မရှိသော်လည်း တိုက်ပွဲများ အကြီးအကျယ် တိုက်ခိုက်ခဲ့လျှင် အဆုံးအဖြတ်ပေးသော အချက်တစ်ခု ဖြစ်လာနိုင်သည်။
အခြားတစ်ဘက်တွင် မိစ္ဆာများသည် နတ်ဘုရား နယ်မြေ အတွင်းသို့ လာကြသောအခါ တူညီသော ပြဿနာများနှင့် ကြုံတွေ့ရသည်။ သူတို့သည် စိတ်ဝိညာဥ် စွမ်းအင်တို့၏ သဘာဝ ခြားနားချက်များကို နတ်ဘုရား နယ်မြေ အတွင်းတွင် အချိန်အတော်ကြာ နေပြီးမှသာ ကျင့်သားရနိုင်ခြင်း ဖြစ်သည်။
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) Unicode
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမှာ သမိုင်းဝင်န...