Chapter-18

3.2K 378 11
                                    

Unicode

အခန်း(၁၈) - သေဆုံးခါနီးသတိပေးချက်: နောက်နာရီဝက်အတွင်း သင့်ဇနီးရဲ့ အတိတ်တုန်းက စိတ်ခံစားချက်များကို နားလည်ပေးပြီး သင့်တော်သော နှစ်သိမ့်မှုကိုပေးပါ။ မဟုတ်လျှင် ကျေးဇူးပြုပြီး အခုချက်ချင်း သေလိုက်ပါတော့ (၄)
စာရေးသူ - 公子闻筝
ဘာသာပြန်သူ - No Noe (Miracle_Phyu97)

“ဟုတ်တယ်၊ ကျွန်မ ဒီနေ့မှာပဲ သူနဲ့လက်ထပ်လိုက်တာ။ နောက်တစ်ခါ ကျွန်မတို့တွေ့တဲ့အခါကျရင် ကျေးဇူးပြုပြီး ကျွန်မကို မရီးလို့ပဲ ခေါ်ပေးပါ”

ကျီချင်းချင်းသည် သူမရဲ့ကြည်လင်တောက်ပသောမျက်ဝန်းများနှင့် မိတ်ကပ်မလိမ်းခြယ်ထားသော မျက်နှာဖြင့် သူမကို ခြိမ်းခြောက်လိုဟန်ရှိသည့် လုလီထင်ကြည့်ကာ စကားထစ်ထစ်အအဖြင့် ပြောလိုက်သည်။

လုလီထင်သည် ဒီအမျိုးသမီးရဲ့ ဟန်ဆောင်သည့်မျက်နှာဖုံးကို ဆွဲဖြဲပစ်လိုက်ချင်သည်။ သူသည် သူမရဲ့ ဒီလိုဖြူစင်ပြီးကြည့်ကောင်းနေသည့်ပုံရိပ်ကို ဘယ်တော့မှ မမြင်ချင်ဘူး။ သူက ဒီအရာက အလိမ်အညာပဲဆိုတာကို သူသိသည်။

ဒီအမျိုးသမီးက သူ့ကို ထပ်မံ လှည့်စားမည့်အဖြစ်မျိုးကို မလိုချင်တော့ဘူး။

လုလီထင်သည် သူ့မျက်နှာပေါ်ရှိ ဒေါသထွက်နေသည့် အမူအရာများကို ထိန်းချုပ်လိုက်ကာ သူမကို သရော်လိုက်သည်။

“ငါ အခုသိလိုက်ပြီ။ ငါက ဆင်းရဲလို့ မင်း ငါ့ကို နိမ့်ချဆက်ဆံခဲ့တယ်။ ပြီးတော့ အခု မင်းက ဒီနေရာကိုလာပြီး ငါ့အစ်ကိုကြီးကို သွေး‌ဆောင်ဖြားယောင်းနေပြန်ပြီ။ မင်းက သူသေမှာကို စောင့်နေပြီးတော့ သူ့အမွေကို ဆက်ခံဖို့လုပ်နေတာ၊ ဟုတ်တယ်မလား။’

လုလီထင်သည် သူမ၏လျှို့ဝှက်ချက်ကို မှန်မှန်ကန်ကန် မှန်းဆနိုင်သည်။ ကျီချင်းချင်းသည် အပြစ်ရှိသလို ခံစားရပေမယ့် သူမရဲ့အမူအရာတွေကို ထိန်းသိမ်းထားဖို့ ဆုံးဖြတ်ချက်ချလိုက်သည်။

“အင်း၊ ကျွန်မက ရှင့်အစ်ကိုကြီးရဲ့ငွေတွေကြောင့် ဒီနေရာမှာ ရှိနေတာပဲ။ အဲ့တာက ဘာဖြစ်လဲ။ အဲ့တာကို ရှင်ကန့်ကွက်ချင်ရင်လည်း ကျွန်မ ဂရုမစိုက်ဘူး။ ရှင့်ကိုယ်ကို ထိန်းသိမ်းပြီးနေပါ။ အခု ကျွန်မက ရှင့်ရဲ့မရီးပဲ။ ရှင့်အစ်ကိုကြီးသေဆုံးသွားမယ်ဆိုရင်တောင် ကျွန်မက ရှင့်ရဲ့မရီးဖြစ်နေဆဲပဲ ဖြစ်လိမ့်မယ်။ ပြီးတော့ ရှင် ကျွန်မကို လေးစားမှုပြသဖို့ လိုအပ်နေသေးတယ်”

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)Where stories live. Discover now