အခန်း (၁၃၃)
"မအိပ်သေးပါဘူး" ကျီချင်းချင်းသည် ဖုန်းကိုပြန်ဖြေလိုက်၍ ထလာကာ တံခါးဖွင့်ပေးလိုက်သည်။
ချင်ယွဲ့သည် အခန်းတွင်းသို့ဝင်လာသောအခါ အတန်ငယ်မောဟိုက်နေသည်။ သူသည် လုလီရှင်းထံ တည့်တည့်လျှောက်သွားသည်။ လက်ထောက်ဒါရိုက်တာလင်းကို မြင်သော်လည်း အံ့ဩသွားခြင်း မရှိပေ။ လုလီရှင်းနှင့် အလုပ်ကိစ္စဆွေးနွေးရန် ရောက်ရှိနေခြင်းဖြစ်သည်ဟု ထင်သောကြောင့်ဖြစ်လေသည်။
"တောင်းပန်ပါတယ်၊ ဥက္ကဌလု။ ဥက္ကဌလု ဖုန်းခေါ်လိုက်တုန်းက ကျွန်တော်အလုပ်များနေလို့ မကိုင်မိတာပါ။ အခန်းတစ်ခန်း ယူပေးရဦးမလား။"
"ဥက္ကဌလုလား။" လက်ထောက်ဒါရိုက်တာလင်းသည် ချင်ယွဲ့အား ကြောင်၍ကြည့်ကာ ပြောလိုက်သည်။ "သူက ဘယ်သူလဲ။"
ချင်ယွဲ့သည် လက်ထောက်ဒါရိုက်တာလင်း၏ အမေးကြောင့် အံ့ဩသွားကာ "အချင်းချင်း မသိကြသေးဘူးပဲ။ ဒါဆို တစ်ခါတည်း မိတ်ဆက်ပေးလိုက်တော့မယ်။ ဒါက ကျွန်တော်တို့ကုမ္ပဏီရဲ့ ဥက္ကဌဖြစ်တဲ့ ဥက္ကဌလုပါ။"
ထျန်းယွီအင်တာတိန်းမန့်ကို လုမိသားစုပိုင်ဆိုင်မှန်း လူတိုင်းနီးပါး သိရှိကြလေသည်။ လုမိသားစု၏ တစ်ဦးတည်းသော အမွေဆက်ခံသူမှာလည်း ဥက္ကဌလု ဖြစ်လေသည်။
သူ့ရှေ့၌ထိုင်နေသူသည် လုလီရှင်းဖြစ်လေသည်။
လုလီရှင်းအား မသိသူမရှိပါ။ သူသည် စီးပွားရေးနယ်ပယ်တွင် ထူးချွန်ပြောင်မြောက်သူ ဖြစ်လေသည်။ လူနေမှုအဆင့်အတန်း မြင့်မားသဖြင့် သူနှင့် အလွယ်တကူတွေ့ဆုံဖူးခြင်း မရှိကြချေ။
ယခုလေးတင် သူပြောခဲ့သည်များကို ပြန်စဉ်းစားမိသောအခါ လက်ထောက်ဒါရိုက်တာလင်းသည် နှလုံးခုန်မြန်လာသည်။ သူသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ဆိုဖာမှ ထရပ်လိုက်သောအခါ အနည်းငယ် ရီဝေသွားသည်။ လက်ထောက်ဒါရိုက်တာလင်းသည် လုလီရှင်းအား တအံ့တဩကြည့်၍ "ဥက္ကဌလု၊ ခင်ဗျားက ဥက္ကဌလုတဲ့လား"
လုလီရှင်းသည် သူ့အားအေးစက်စက်အကြည့်ဖြင့် "လက်ထောက်ဒါရိုက်တာလင်း၊ ခင်ဗျားစကားပြောလို့ မပြီးသေးဘူးထင်တယ်။ ထိုင်ပြီး စကားဆက်ပြောကြတာပေါ့။"
YOU ARE READING
ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)
RomanceType: Web novel (CN) Associated Names: I'm young and I'm waiting at home for my spouse to return Ta Tuổi Còn Trẻ Tưởng Thủ Sống Quả [ Xuyên Thư ] 我年纪轻轻想守活寡[穿书] English Names: My Wife is My Life! Chinese Author: 公子闻筝 English Translator: Sleepy Transl...