Unicode
အခန်း(၁၉) - တံခါးနားမှာ ချောင်းနားထောင်နေတဲ့ လုလီထင်: ... F*ck! (၁)
စာရေးသူ - 公子闻筝
ဘာသာပြန်သူ - No Noe (Miracle_Phyu97)လုလီရှင်း၏ ရောဂါဟောင်းက ပြန်ထလာသည်။ လူတိုင်း၏စိတ်နှလုံးကို ပူပင်သောက ရောက်စေခဲ့သည်။
ကျီချင်းချင်းသည် သူမတွင် တစ်စိတ်တစ်ပိုင်း အပြစ်ရှိသလို ခံစားနေရပြီး လုလီထင်ကို ကြည့်လိုက်သည်။
သူ့ရဲ့ ရောဂါဟောင်းပြန်ထမှုသည် သူတို့ကြောင့် ဖြစ်သွားခဲ့ပုံပေါ်သည်။ လုလီရှင်းသည် အေးဆေးတည်ငြိမ်ပြီး မာနကြီးသူတစ်ယောက်ဖြစ်သည်။ သူနှင့်သူမဟာ တစ်ယောက်အပေါ် တစ်ယောက် ခံစားချက်မရှိရင်တောင်မှ သူတို့နှစ်ယောက်က လက်ထပ်ထားကြတဲ့ အိမ်ထောင်သည်တွေ ဖြစ်နေကြတုန်းပါပဲ။ သူ့ဇနီးနှင့် သူ့ညီငယ်တို့ရဲ့ မသင်္ကာဖွယ် အလဲအလှယ်ပြုလုပ်နေတာကို မျက်မြင်တွေ့လိုက်ရပြီး သူတို့၏အရှက်ကင်းမဲ့မှုကြောင့် ဒေါသထွက်မိမှာ သေချာသည်။ ထို့အပြင် လုလီရှင်းသည် သေလုနီးပါးလူနာတစ်ယောက်ဖြစ်သည်။ သူက ဒီဒေါသကို ဘယ်လိုလုပ်ပြီး ခံနိုင်ရည်ရှိမှာလဲ။
ကျီချင်းချင်းသည် လုလီရှင်း ဒေါသထွက်ပြီး အမှတ်တမဲ့သေဆုံးမသွားနိုင်ဖို့ကို ဆုတောင်းမိသည်။
သူ့အခန်းတံခါးကို တွန်းဖွင့်ဝင်လိုက်သည်။ ဆရာဝန်တစ်ယောက်သည် သူ့ခေါင်းကိုခါယမ်းရင်း အပြင်သို့ ထွက်လာခဲ့သည်။ ဒါက အရင်အတိုင်းပါပဲ။ ထိုအမူအရာကို ပြတ်ပြတ်သားသား ဘာသာပြန်ကြည့်မယ်ဆိုရင် လူနာကိုကယ်တင်ရန် နည်းလမ်းမရှိ၊ သေခြင်းတရားသည့် စောင့်ကြိုနေတယ်လို့ အဓိပ္ပာယ်ရလေသည်။
ကျီချင်းချင်းသည် သက်ပြင်းမောတစ်ခုချလိုက်မိသည်။
လုလီရှင်းသည် မကြာခင်မှာ သေဆုံးသွားတော့မှာ ဖြစ်သော်လည်း ဖျားနာခြင်းကြောင့် သေဆုံးသွားခြင်းနှင့် ဒေါသကြောင့် သေဆုံးသွားရခြင်းတို့က မတူညီသော အရာနှစ်ခုပင်ဖြစ်သည်။
“မင်း ငါ့အစ်ကိုမသေသေးတော့ စိတ်ပျက်သွားပုံပဲ”
ကျီချင်းချင်း၏နားရွက်အထက်မှ စူးရှကျယ်လောင်သောအသံတစ်ခု ထွက်ပေါ်လာသည်။