Chapter-94

1.7K 186 1
                                    

Unicode

အခန်း (၉၄)
စာရေးသူ - 公子闻筝
ဘာသာပြန်သူ - No Noe (Miracle_Phyu97)

ကျီချင်းချင်းသည် ကားပြတင်းပေါက်ကနေ ထိုစုံတွဲကို ငေးကြည့်နေခဲ့သည်။

လုလီရှင်းသည် သူမ ကြည့်နေရာဖက်သို့ လိုက်ကြည့်ပြီး‌နောက် "မင်း မနာလို ဖြစ်နေတာလား။" ဟု မေးလိုက်သည်။

ကျီချင်းချင်းက ခေါင်းယမ်းလိုက်ပြီး ရှေ့မီးပွိုင့်ကိုကြည့်ကာ ပြောလိုက်သည်၊ "ယာဥ်ထိန်းရဲတွေ သိပ်မကြာခင် ရောက်လာလိမ့်မယ်။ လျှပ်စစ်ကားတွေက လူနှစ်ယောက် စီးခွင့်မရှိလို့ သူတို့ အဖမ်းခံရလိမ့်မယ်။"

သူမ ပြောသလိုပဲ၊ ယာဥ်ထိန်းရဲက သူတို့ကို ဖမ်းဆီးသွားခဲ့သည်။

လုလီရှင်း "..." သူမက တကယ့်ကို ရိုမန့်တစ်မဆန်တဲ့ အမျိုးသမီးပဲ။

"ကျွန်မ သူတို့ကို မနာလို မဖြစ်ပါဘူး။" ကျီချင်းချင်းက လုလီရှင်းဖက်သို့ လှည့်ကြည့်ကာ ပြုံးပြလိုက်သည်၊ "ကျွန်မကတော့ အဖိုးပြောတာ မှန်တယ်လို့ ထင်တယ်။ အချစ်ကြောင့် လက်ထပ်တာ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ကိုယ်နဲ့ လိုက်ဖက်တဲ့သူတစ်ယောက်ကို ရှာဖွေဖို့က ပိုအရေးကြီးတယ်။ မစ္စတာလု၊ ကျွန်မကတော့ ရှင့်ကို လက်ထပ်ခွင့်ရတာ အရမ်းကံကောင်းဆိုတာ ကျွန်မ သိတယ်။ ကျွန်မတို့ရဲ့ အိမ်ထောင်ရေးမှာ ချစ်ခြင်းမေတ္တာမရှိနိုင်ရင်တောင် ကျွန်မ ရှင့်အပေါ်မှာ အမြဲ သစ္စာရှိနေမှာဖြစ်လို့ ရှင် ဒါကို စိတ်ချယုံကြည်ထားနိုင်တယ်။"

ကျီချင်းချင်းဟာ တစ်ခါမှ မချစ်ခဲ့ဖူးသည့်အတွက် အချစ်ဆိုတာ ဘယ်လို ခံစားချက်လဲ ဆိုတာ သူမ ရှင်းရှင်းလင်းလင်း မသိခဲ့ဘူး။ အချစ်ရေးနှင့် အိမ်ထောင်ရေးကို သူမ အများကြိး မျှော်မှန်းမထားဘူး။ သူမသည် တည်ငြိမ်သောဘဝလေးတစ်ခုကိုသာ ပိုင်ဆိုင်ချင်ရုံမျှသာ စိတ်ကူး ရှိသည်၊ ကျီချင်းချင်းသည် ခါးသီးသော ဆင်းရဲဒုက္ခများကို ထပ်မံခံစားဖို့ ခံနိုင်ရည် မရှိချင်တော့ပါ။

ယာဥ်မောင်းထိုင်ခုံနှင့် ခရီးသည်ထိုင်ခုံတို့သည် တစ်ခုနှင့်တစ်ခု အလွန်နီးကပ်နေသည်။ ကျီချင်းချင်းက သူ့ကိုကြည့်ပြီး လုလီရှင်းသည်လည်း သူမကို ပြန်ကြည့်နေခဲ့သည်။

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)Where stories live. Discover now