Chapter-132

1K 99 1
                                    

အခန်း (၁၃၂)

လင်းယွဲ့သည် ဆိုဖာကိုမှီလိုက်ကာ သက်သောင့်သက်သာပင် ခြေချိတ်ထိုင်လိုက်သည်။ ထို့နောက်တွင် ကဲ့ရဲ့သံဖြင့် "မုန်ရွှင်းက ကျွန်တော့်ဆီလာပြီး သဘောတူညီမှုတစ်ခု လုပ်ထားတယ်။ ကျီချင်းချင်းကိုသာ ဒုတိယခေါင်းဆောင်မင်းသမီးနေရာကို ပေးမယ်ဆို ယွမ်ငါးသိန်းနဲ့ တစ်ညတာအတူကုန်ဆုံးပေးမယ်လို့ ပြောခဲ့တယ်။ အဲ့ဒါ ခင်ဗျားရဲ့မိန်းမ ဇာတ်ဆောင်နေရာရလာတဲ့ပုံပဲ။ သဘောတူညီချက်ကို ခင်ဗျားရော သိနေတာလား။"

ကျီချင်းချင်းမှာ လင်းယွဲ့ပြောသည့် စကားရဲ့ တချို့တဝက်မှာ မှန်ကန်သည်ဟု ထင်မိသည်။ သို့သော်လည်း သဘောတူညီချက်သည် ကျီချင်းချင်းနှင့် တိုက်ရိုက်မသက်ဆိုင်ပေ။

ပြီးနောက် ဒုတိယခေါင်းဆောင်မင်းသမီးနေရာကို ရပြီးသောအခါ မူလကျီချင်းချင်းသည် ကူရှောက်ယွီနှင့် တွဲနေပြီဖြစ်သည်။ သူမသည် ကူရှောက်ယွီအား ဂရုတစိုက်ဆက်ဆံပေးလေသည်။ မူလကျီချင်းချင်းသည် ကူရှောက်ယွီနှင့်တွေ့ပြီးနောက်ပိုင်းတွင် ဖျော်ဖြေရေးနယ်ပယ်၌ အခြားသူများနှင့် အရှုပ်အရှင်းသတင်းမထွက်အောင် နေထိုင်ခဲ့ပေသည်။ သို့ဆိုလျှင် အဘယ့်ကြောင့် ဒုတိယခေါင်းဆောင်မင်းသမီးနေရာအတွက် လင်းယွဲ့နှင့်အတူ တစ်ညတာကုန်ဆုံးစေမည်ဟု ပြောခဲ့ခြင်းဖြစ်ရမည်နည်း။

ကျီချင်းချင်းသည် အတွင်းကျ‌သောကိစ္စတစ်ခုထပ်မံ၍ရှိဦးမည်ဟု ယုံကြည်နေသည်။

သို့ရာတွင် လင်းယွဲ့သည် သူမအား ညနက်သန်းခေါင်ကြီး လာရှာကာ သူတို့၏သဘောတူညီချက်အား ဖြည့်ဆည်းရန် သူမနှင့်အတူ ညအိပ်လို၍ ရောက်လာလေသည်။ သူမ ဖောက်ပြန်ပါသည်ဆိုသည်ကို လုလီရှင်းယုံပါမည်လော။

"ဒီကို လာပါဦး" လုလီရှင်းသည် သူမအားလှည့်ကြည့်၍ ခေါ်လိုက်သည်။

ကျီချင်းချင်းသည် တခဏတာမျှ ယုံကြည်ချက် ပျောက်ဆုံးသွားသော်လည်း အဓိပ္ပာယ်မရှိဘဲ ကြောက်ရွံ့နေမိသည်ကို သတိပြုမိလာသည်။ အမှန်တရားသည် မပေါ်လွင်သေးချေ။ သူမသည် လင်းယွဲ့၏စကားများကို ပြန်လည်ချေပနိုင်ချေသေး၏။

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)Where stories live. Discover now