Unicode
အခန်း(၃၀) - သေဆုံးခါနီးသတိပေးချက်: နောက်ဆယ်မိနစ်အတွင်း ကျေးဇူးပြုပြီး မင်းဇနီးရဲ့အလှကို ငါးမိနစ်အကြာ ရိုးသားဖြောင့်မတ်စွာ ချီးမွမ်းပြောဆိုပါ (၁)
စာရေးသူ - 公子闻筝
ဘာသာပြန်သူ - No Noe (Miracle_Phyu97)တံခါးကို တွန်းဖွင့်လိုက်သော်လည်း တံခါးအပြင်ဖက်လူအုပ်ကြီးမှာ ရပ်တန့်သွားလေသည်။ သူတို့မှာ မဖြေသိမ့်နိုင်သော ဝမ်းနည်းနေတဲ့ အမူအရာတွေနဲ့ မျက်ရည်များ ကျန်ရှိနေသေးပေမယ့် သူတို့က အခန်းထဲကမြင်ကွင်းကို တွေ့မြင်လိုက်ရတဲ့အခါမှာ သူတို့လုပ်လက်စအလုပ်တွေ အကုန်လုံးကို ရုတ်တရတ် ပြတ်တောက်သွားကုန်ခဲ့ကြသည်။
စက္ကန့်ပိုင်းလေးအတွင်းမှာ သူတို့ရဲ့ နားအူစေလောက်အောင် ငိုကြွေးသံတွေက တိတ်ဆိတ်သွားခဲ့ကြသည်။
သူတို့သည် လုလီရှင်းက ကျီချင်းချင်းကို နံရံနှင့် သူ့ကြားမှာ လက်ထောက်၍ တားဆီးထားတာကို တွေ့မြင်လိုက်ရသည်။ ကျီချင်းချင်းသည် သူတို့ကို တွေ့လိုက်ရ၍ ရှက်လွန်းလို့ ခေါင်းမမော့ဝံ့တော့ပေ။
လုလီရှင်းသည် ပထမဆုံး အသိဝင်တာဖြစ်သည်။ သူက အကြီးအကဲလုကို ခပ်တည်တည်ကြည့်ပြီး "အဖိုး ဘာဖြစ်လို့လဲ" လို့ မေးလိုက်သည်။
"သခင်လေး အသက်ရှင်လျက်ရှိသေးတယ်..." ထိုစကားများသည် ပြောရန် မသင့်တော်သည်မှာ သိသာထင်ရှား၍ ပြောလက်စစကားမှာ လျင်မြန်စွာ တိုးလျသွားခဲ့သည်။
သခင်လေးသည် မတ်တပ်ရပ်လျက် ကောင်းမွန်စွာ ရပ်နေသည်ကို မြင်သောအခါ အန်တီဖေးသည် ငိုရာကနေ ထရယ်လေသည်။ "အကြီးအကဲလု သခင်လေး အဆင်ပြေနေတယ်၊ သခင်လေး အဆင်ပြေနေတယ်။"
သူ့မြေးသည် သက်ရှိထင်ရှားရှိနေပြီး ခုတင်တိုင်နားမှာ မတ်တပ်ရပ်နေသည်ကို မြင်လိုက်ရသည်နှင့် အကြီးအကဲလုသည် တုန်လှုပ်သွားကာ သက်ပြင်းရှည်ကြီးကို ချလိုက်မိသည်။
ဆရာဝန်သည် စိုးရိမ်တကြီး ပြေးလာပြီး လုလီရှင်းကို စမ်းသက်စစ်ဆေးကြည့်ခဲ့သည်။
အကြီးအကဲလုသည် ကုတင်သို့ လမ်းလျှောက်လာခဲ့ပြီး လုလီရှင်း၏လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။ သူ့မျက်လုံးများထဲတွင် ကြောက်ရွံ့ထိတ်လန့်မှုများ ရှိနေကြောင်းကို တွေ့မြင်နိုင်သည်။ "ကလေး မင်း အဆင်ပြေရဲ့လား"