Chapter-169

873 68 1
                                    

အခန်း (၁၆၉)

"ရှင်... ရှင်ဘာလိုချင်တာလဲ။"

လုလီရှင်းသည် ရှေ့သို့တိုးလာပြီး သူမအား ငေးစိုက်ကြည့်လိုက်သည်။

လုလီရှင်း၏ ခိုင်မာမြဲမြံသော မျက်ဝန်းတစ်စုံနှင့် ရင်ဆိုင်လိုက်ရသောအခါ ကျီချင်းချင်းသည် မသိမသာ တံတွေးမြိုချမိသွားပြီး စိတ်လှုပ်ရှားလာတော့သည်။ "အမ်... တကယ်တော့ ကျွန်မထင်တာ ကျွန်မတို့ခံစားချက်တွေကို ပိုပြီးတိုးလာအောင်လုပ်လို့ရမယ်ထင်တယ်... အဖိုးနဲ့အဖွားလိုပေါ့..."

လုလီရှင်းမှာ သူမစကားများကြောင့် မျက်စိလည်သွားရသည်။ "အဖိုးနဲ့အဖွားလိုဆိုတာ ဘာကိုဆိုလိုတာလဲ။"

"အဖိုးက ကျွန်မကို သူနဲ့အဖွားရဲ့အကြောင်း ပြောပြလေ့ရှိတယ်။ သူတို့နှစ်ယောက် ပထမဆုံးလက်ထပ်တဲ့သုံးရက်မှာ တစ်ယောက်နဲ့တစ်ယောက် စကားတောင်မပြောဖြစ်ကြဘူး။ ပြီးတော့ တစ်လကြာပြီးတော့မှ သူတို့...." ကျီချင်းချင်း၏ပါးများမှာ သွေးရောင်ကဲ့သို့ပင် နီရဲတွတ်သွားသည်။

လုလီရှင်းသည် သူမ ဆက်မပြောသောစကားများ၏ အဓိပ္ပါယ်အား နားလည်လိုက်သည်။

"မင်းထင်တာ ကိုယ်က မင်းနဲ့အိပ်ချင်နေတယ်လို့လား။"

"မဟုတ်ဘူးလား။" ကျီချင်းချင်း စိတ်ရှုပ်ထွေးသွားရသည်။

လုလီရှင်းသည် အသက်ကိုရှူရှိုက်လိုက်ကာ "ကျီချင်းချင်း၊ မင်းတစ်နေ့လုံး ဘာတွေတွေးနေတာလဲ။" ဟု မေးလိုက်မိသည်။

သူ့စကားတွေကို ကြားပြီးနောက် ကျီချင်းချင်းတစ်ယောက် သူမသည် ဘာမဟုတ်သည့်အရာအပေါ်တွင် ကြောက်ရွံ့ကာ တုံ့ဆိုင်းနေသည်မှာ သူမတစ်နေ့လုံး နားလည်မှုလွဲနေခဲ့ခြင်းသာဖြစ်ကြောင်း နားလည်သွားတော့သည်။

လုလီရှင်းသည် သူမ၏နားရွက်ဖျားလေးကို ခပ်ဖွဖွ ဆွဲလိုက်ပြီး ကူကယ်ရာမဲ့စွာ ရယ်လိုက်မိသည်။ "မရှက်ဘူးလား။"

သူ့မျက်နှာမှ အပြုံးကိုမြင်ရလျှင် ကျီချင်းချင်းမှာ မျက်နှာမပြဝံ့အောင်ပင် ရှက်ရွံ့သွားရသည်။ စောင်ကို ခေါင်းထိလုံအောင်ခြုံကာ သူမတစ်ကိုယ်လုံး စောင်နှင့်ကာထားလိုက်သည်။

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)Where stories live. Discover now