Chapter-179

773 78 1
                                    

အခန်း (၁၇၉)

"ဝေဝေ ကိုယ် အဲ့လိုတစ်ခါမှမတွေးဖူးပါဘူးကွာ အဲ့ဒါက ကိုယ်က ဒီတိုင်း ..."

"ရှန်းမိန်းကလေး၊ ဒါကိုစိတ်ချထားလို့ရပါတယ်။ လုလီထင်းက ကျွန်တော့်ရဲ့ညီဆိုပေမယ့် သူက လုအိမ်တော်နဲ့ ဘာမှမသက်ဆိုင်ပါဘူး။ သူကိုယ်တိုင်လည်း ခင်ဗျားရဲ့အလုပ်ကို ကူညီပေးဖို့ လုအိမ်တော်ရဲ့လက်ကို မငှားပါဘူးလို့ ကျွန်တော့်ကို ကတိပေးထားပါတယ်။"

ရှန်းဝေဝေ၏ မျက်ဝန်းမှ နာကြင်မှုနှင့်ဒေါသတို့မှာ ရပ်တန့်သွားရသည်။

လုလီထင်းမှာ စိတ်ဆုံးဖြတ်ထားသော မျက်နှာထားဖြင့် ပြောလိုက်သည်။ "ဟုတ်တယ် ဝေဝေ။ လုကုမ္ပဏီက လုကုမ္ပဏီ၊ ကိုယ်က ကိုယ်ပဲ။ ဒါတွေကို မလိုအပ်ဘူးထင်လို့ ကိုယ်မင်းကိုမပြောပြခဲ့တာ။ ကိုယ် ကိုယ်တိုင်အလုပ်ကြိုးစားပြီး မင်းလိုချင်တဲ့ဘဝမျိုးရအောင် ကိုယ်မင်းကိုထားပေးနိုင်ပါတယ်။"

"နေပါဦး။" ကျီချင်းချင်းသည် စကားဖြတ်ပြောလိုက်သည်။ "ငါတို့ တစ်ခုပြီးမှ တစ်ခု ပြောလို့ရမလား။ နင်တို့ သမီးရည်းစားနှစ်ယောက်ကိစ္စ နင်တို့ဘာသာနောက်မှ အေးဆေးပြောကြလေ။" သူမသည် လုလီရှင်းအား ကြည့်ကာ မကျေနပ်ချက်များကို ဖော်ထုတ်လိုက်သည်။ "ရှင့်ညီ ခုနတုန်းက ကျွန်မကိုရိုက်တော့မလို့။ ရှင် သူ့ကို သင်ခန်းစာကောင်းကောင်းပေးဖို့လိုတယ်။"

လုလီထင်းမှာ နောက်ထပ်တစ်ကြိမ် အစွပ်စွဲခံလိုက်ရသောကြောင့် အော်လိုက်သည်။ "ကျီချင်းချင်း၊ မင်း မဟုတ်တာတွေ လျှောက်မပြောနဲ့။ ငါမင်းကို ထိတောင်မထိဘူး။ မင်းဟာမင်း လဲကျသွားတာ။ ဒါတောင် မင်းက ငါ့ကိုလာစွပ်စွဲနေသေးတယ်။"

"ခုနက မြင်လိုက်တဲ့လူတွေ အများကြီးပဲ၊ နင်က ငြင်းချင်နေသေးတာလား။" ကျီချင်းချင်းသည် လုလီရှင်းအားကြည့်ကာ ထပ်ပြောလိုက်သည်။ "ရှင် ကျွန်မကို မယုံရင် ဒါရိုက်တာကျိုးတို့ကို မေးလို့ရတယ်။ သူတို့အကုန်မြင်တယ်။"

လုလီရှင်း၏ အကြည့်မှာ ဒါရိုက်တာကျိုးဆီသို့ ရောက်သွားသည်။

ဒါရိုက်တာကျိုးမှာ ရှေ့တိုးရခက် နောက်ဆုတ်ရခက်ဖြစ်နေ၏။ အစကတော့ သူသည် လုလီထင်း၏ နောက်ခံအား မသိသဖြင့် အဆင်ပြေနေသေးသည်။ ဒါပေမယ့် အခုတော့ လုလီထင်းက လုအိမ်တော်၏ တစ်စိတ်တစ်ပိုင်းပဲဆိုတော့ သူသိပ်မသေချာတော့ပေ။

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)Where stories live. Discover now