Unicode
အခန်း (၉၆)
စာရေးသူ - 公子闻筝
ဘာသာပြန်သူ - No Noe (Miracle_Phyu97)"ကျီချင်းချင်းနဲ့ ကုရှောက်ယွီတို့က သမီးရည်းစား ဆက်ဆံရေးလား။ ဒါဆို ကျီချင်းချင်းက သူ့ကို ချူစားခဲ့တာ မဟုတ်ဘူးပေါ့။ အိုး... ဘုရားရေ၊ နင့်မှာ ခိုင်လုံတဲ့ သက်သေရှိလား။"
"ကုရှောက်ယွီရဲ့ ဝေ့ပေါ်မှာ ခိုင်မာတဲ့ သက်သေ ရှိတယ်။ သူတို့နှစ်ယောက် အရင်က သမီးရည်းစားတွေပါလို့ ဝေ့ပေါ်ပေါ်မှာ ဝန်ခံခဲ့တယ်။ သူ့ရဲ့ ဝေ့ပေါ်ကို သွားပြီး လူကိုယ်တိုင် သွားကြည့်လိုက်ပါ။"
ကျီချင်းချင်းသည် ဒီမှတ်ချက်ကို မြင်သောအခါ အံ့သြသွားသည်။ သူမက ကုရှောက်ယွီရဲ့ ဝေ့ပေါ်ကို ဖွင့်ပြီး သူ တင်ထားတဲ့ ပို့စ်ကို စစ်ကြည့်လိုက်သည်။
ကုရှောက်ယွီ တင်ထားခဲ့သည့် နောက်ဆုံးပို့စ်က သူမနှင့် ပတ်သက်တဲ့ အကြောင်းကို ရှင်းလင်းထားသည့် ပို့စ်တစ်ခုပဲ ဖြစ်သည်။
@ကုရှောက်ယွီ: ကျီချင်းချင်းက ငါ့ရည်းစားဟောင်းပါ၊ သူမက ငါ့ကို ချူစားခဲ့တာ မဟုတ်ပါဘူး။ အဓိပ္ပါယ်မရှိတဲ့ ကောလဟလတွေ ဖြန့်နေတာကို ရပ်လိုက်ကြပါ။
ရေပန်းအစားဆုံး မှတ်ချက် - မင်း ကိုယ့်ကိုယ်ကို ပါးပြန်ရိုက်တာ ဘယ်လို ခံစားရလဲ။
ဒုတိယရေပန်းအ၆စားဆုံး မှတ်ချက် - အမှိုက်ကောင်...
တတိယရေပန်းအစားဆုံး မှတ်ချက် - အလွန်ရွံရှာဖို့ ကောင်းတဲ့ အမှိုက်ကောင်
အွန်လိုင်းအသုံးပြုသူတွေရဲ့ စကားတွေက အတော်လေး မှန်သည်။ ကုရှောင်ယွီသည် အမှန်တကယ် ရွံရှာဖို့ကောင်းသော အမှိုက်ကောင် ဖြစ်သည်။
ကျီချင်းချင်းသည် ပို့စ်ကို အမြန်ဖတ်ပြီးနောက် ကုရှောက်ယွီရဲ့ ဝေ့ပေါ်မှ ထွက်လာခဲ့သည်။
လုလီရှင်းက အလုပ်တတ်ဝတ်စုံကို ချွတ်လိုက်တာကြောင့် ကျီချင်းချင်း ထထိုင်ပြီး လုလီရှင်းရဲ့ ဝတ်စုံကို လှမ်းယူလိုက်သည်။ ကျီချင်းချင်းက လုလီရှင်းရဲ့ ဝတ်စုံကို စနစ်တကျ ချိတ်မှာ ချိတ်ဆွဲပြီးနောက် "ခင်ပွန်း၊ ကျေးဇူးပါနော်။"
![](https://img.wattpad.com/cover/279714628-288-k885403.jpg)