Chapter-85

1.5K 181 1
                                    

Unicode

အခန်း (၈၅)
စာရေးသူ - 公子闻筝
ဘာသာပြန်သူ - No Noe (Miracle_Phyu97)

ရှန်းဝေဝေက သူ့အင်္ကျီလက်ကို စိုးရိမ်တကြီး ဆွဲကာ "ရှောက်ယွီ၊ ဒီကိစ္စကို ကျွန်မကိုယ်တိုင် ကိုင်တွယ်ခွင့်ပြုမယ်လို့ ရှင် ပြောထားတယ်လေ။ ချင်းချင်း၊ ငါ နင့်ကို တောင်းပန်ချင်ပါတယ်။ အဲ့ဒီနေ့က နင့်ကို နားလည်မှုလွဲမှားခဲ့တာ ငါ့အမှားပါ။ နင်က ငါ့ကို တွန်းလိုက်တဲ့လူလို့ ငါ တကယ်ထင်ခဲ့တာ။ ကံကောင်းထောက်မစွာနဲ့၊ နင်ရဲ့ အပြစ်ကင်းစင်ကြောင်း သက်သေပြနိုင်တဲ့ အဖြစ်အပျက်ကို ရိုက်ကူးထားတဲ့ ဗီဒီယိုမှတ်တမ်းတစ်ခု ရှိနေ့လို့၊ မဟုတ်ရင်..."

"ဝေဝေ" ကုရှောက်ယွီက သူမကို ကြားဝင်ဖြတ်ပြောသည်။ "မင်းက ဘာလို့ တောင်းပန်နေရတာလဲ။ သူမက မင်းကို တွန်းထုတ်လိုက်တဲ့သူ မဟုတ်ရင်တောင် သူမက အပြစ်ရှိနေတုန်းပဲ။ မင်း ဘာအမှားမှ မလုပ်ခဲ့ဘူး။ မင်းက နစ်နာသူပဲ။ အနိုင်ကျင့်ခံရသူက ဘာကြောင့် တောင်းပန်ရမှာလဲ။"

"ဒါပေမယ့် ချင်းချင်းက ကျွန်မကြောင့် လူတွေ ပြစ်တင်ရှုတ်ချတာကို ခံခဲ့ရတယ်..."

"သူမက တခြားသူတွေဆီက ဆူပူကြိမ်းမောင်းခံရရင်ရော ဘာဖြစ်လဲ။ မင်း ဒုက္ခခံရတာနဲ့ မနှိုင်းယှဥ်နိုင်ဘူး။ မင်းက ထိခိုက်ဒဏ်ရာရပြီး ကုတင်ပေါ်မှာ အကြာကြီး လှဲလျောင်းနေရတာ။ မင်းကိုယ်မင်း အပြစ်တင်တာ ရပ်လိုက်တော့၊ ဟုတ်ပြီလား။"

ကျီချင်းချင်းရဲ့ နှုတ်ခမ်းထောင့်စွန်းလေးတွေက ကွေးညွှတ်သွားခဲ့သည်။

ကျီချင်းချင်းသည် ဤခန္ဓာကိုယ်ရဲ့ မူလပိုင်ရှင်မှာ မာနကြီးသော အမျိုးသမီးတစ်ဦးဖြစ်ပြီး ဆိုးရွားသော လုပ်ရပ်များစွာကို ကျုးလွန်ခဲ့ကြောင်း ဝန်ခံခဲ့သည်။ ကုရှောက်ယွီက သူမကို မထီမဲ့မြင်ပြုတာက ပုံမှန်ပင် ဖြစ်သည်။ မူလပိုင်ရှင်ရဲ့ ခန္ဓာကိုယ်သို့ ကူးပြောင်းလာကတည်းက မူလပိုင်ရှင် ကျူးလွန်ခဲ့သော အရှုပ်အထွေးများကို တာဝန်ယူပြီး ဖြေရှင်းပေးသင့်သည်။ သူမသည် ထိုသို့ပြုလုပ်ပေးရန် ဆန္ဒရှိသည်။ ဒါပေမယ့် တခြားသူတွေ လုပ်ခဲ့တဲ့ မကောင်းမှုတွေအတွက် သူမ ဝန်ခံတာမျိုး သို့မဟုတ် တောင်းပန်တာမျိုး မရှိဘူး။

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)Donde viven las historias. Descúbrelo ahora