Chapter-86

1.7K 185 1
                                    

Unicode

အခန်း (၈၆)
စာရေးသူ - 公子闻筝
ဘာသာပြန်သူ - No Noe (Miracle_Phyu97)

ကျီချင်းချင်းရဲ့ စကားကြောင့် ကုရှောက်ယွီဟာ သေလုနီးပါး ဒေါသထွက်သွားခဲ့သည်။

ကျီချင်းချင်းထံမှ ခါးပတ်တစ်ခုကို လက်ဆောင်အဖြစ် အမှန်တကယ် ရရှိခဲ့မှန်းကို သတိရမိသော်လည်း ထိုလက်‌ဆောင်ကို အမှန်တကယ် အလေးအနက်ထားခြင်း မရှိခဲ့ပေ။ သူ့အိမ်တွင် ခါးပတ်တွေ အများကြီး ရှိသောကြောင့် ဒီနေ့ အသုံးပြုဝတ်ဆင်ဖို့ ခါးပတ်တစ်ခုကို ကြုံရာကျပန်း ‌ရွေးချယ်ခဲ့သည်။ ကျီချင်းချင်း သူ့ကို လက်ဆောင်ပေးခဲ့တဲ့ ခါးပတ်က ဘယ်ခါးပတ်လဲ ဆိုတာကို သူ ဘယ်လိုလုပ်ပြီး မှတ်မိနိုင်ပါ့မလဲ။

"ဒါက ခါးပတ်တစ်ခုလေးပဲ မဟုတ်ဘူးလား။ ငါ မင်းကို ဒီအတွက် ပိုက်ဆံပြန်ပေးမယ်။"

"ကျွန်မ ရှင့်ပိုက်ဆံတွေကို မလိုချင်ဘူး။ ကျွန်မ အဲ့ဒီခါးပတ်ကိုပဲ လိုချင်တယ်။" ကျီချင်းချင်းက သူ့ခါးမှာ ဝတ်ဆင်ထားတဲ့ ခါးပတ်ကို ကြည့်ရင်း "အဲ့ဒီခါးပတ်ကို အခုချက်ချင်း ချွတ်ပြီး ကျွန်မကို ပြန်ပေး။"

"မင်း... မင်း သိပ်မလွန်လာနဲ့။"

"ကျွန်မက အရမ်းလွန်တယ်တဲ့လား။ ဒါပေမယ့် ကျွန်မကတော့ ကျွန်မ အရမ်းလွန်တယ်လို့ မထင်မိပါဘူး။" ကျီချင်းချင်းက သူ့ကို မျက်တောင်မခတ်ပဲ စိုက်ကြည့်နေသည်။ သူမမျက်ဝန်းထဲမှာ နွေးထွေးတဲ့ အရိပ်အယောက် လုံးဝ မရှိဘူး။ ဒီတစ်ခါမှာတော့ သူမရဲ့ အသံကပါ ပြင်းထန်နေသည်။ "အခုချက်ချင်း ပြန်ပေး။ အခုချက်ချင်း ခါးပတ်ကို ချွတ်ပြီး ကျွန်မကို ပြန်ပေး။"

လက်ထောက်ဒါရိုက်တာလီက ကြားဝင်ပြောသည်။ "ကျီချင်းချင်း၊ ဒီလိုမလုပ်ပါနဲ့..."

ကျီချင်းချင်းက သူ့ကို ကြည့်ကာ "လက်ထောက်ဒါရိုက်တာလီ၊ ရှင်က ကျွန်မလုပ်တာ ယုတ္တိမတန်ဘူးလို့ ထင်နေတာလား။ တကယ်လို့ ကျွန်မက ဒီလို လုပ်တယ် ဆိုရင်တောင်၊ ဒါက ကျွန်မ ကိုယ်ရေးကိုယ်တာကိစ္စပဲ။ ကျွန်မရည်းစားဟောင်းကို ကျွန်မ ပေးထားတဲ့ လက်ဆောင်ကိုပဲ ကျွန်မ ပြန်တောင်းနေတာ၊ ဒါမှမဟုတ် လက်ထောက်ဒါရိုက်တာလီက ကျွန်မရဲ့ ကိုယ်ရေးကိုယ်တာကို ဝင်ရောက်စွက်ဖက်ဖို့ စီစဥ်နေတာလား။"

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)Où les histoires vivent. Découvrez maintenant