Chapter-186

415 56 0
                                    

အခန်း (၁၈၆)

ကားမောင်းနေစဉ်အတွင်း လုလီထင်းမှာ အတွေးထဲနစ်မြုပ်နေသည့်ပုံပင်။ သူ့မျက်လုံးများသည် ရှေ့သို့သာ စိုက်ကြည့်နေပြီး ဘာမှ‌မပြောပေ။ ထို့ကြောင့် ကားအတွင်းရှိ လေထုသည် အနည်းငယ် မှုန်မှိုင်းလာ၏။

"လီထင်း၊ ဒီတစ်ခေါက်တော့ ကျွန်မ ရှင့်ကို အရမ်းဒုက္ခပေးလိုက်မိပြီ။ ရှင် ကျွန်မကို လာခေါ်ဖို့ အရာအားလုံး လိုက်လုပ်ပေးနေရတယ်။"

"မင်းက ကိုယ့်ရဲ့ကောင်မလေးလေ။ လာကြိုတာလောက်ကတော့ ကိုယ်လုပ်သင့်တာပါ။ ကိုယ့်ကို သူစိမ်းတစ်ယောက်လို ဆက်ဆံတဲ့စကားမျိုး မပြောပါနဲ့ကွာ။"

ရှန်းဝေဝေတစ်ယောက် ပျော်ရွှင်စွာ ပြုံးလိုက်သည်။ "ရှင်ပြောတာ မှန်တယ်။"

"ကျွန်မ ပြန်ရောက်တဲ့အခါ မန်နေဂျာ ပြောင်းရလိမ့်မယ်။ ဘယ်သူဖြစ်မလဲ သေချာမသိသေးဘူး။" သူမ သက်ပြင်းချလိုက်သည်။ ထို့နောက် မရေမရာနှင့် ဆက်ပြောလိုက်၏။ "မုန့်ရွှင်းက တကယ့်ကို မန်နေဂျာကောင်းတစ်ယောက်ပါ။ တခါတလေ သူ့လက်အောက်က အနုပညာရှင်တွေကို စည်းကျော်တတ်တာလေးပါပဲ။ လီထင်း၊ ကျွန်မ ရှင့်ကို ဘာမှမတောင်းဆိုဖူးပါဘူး။ ဒီကိစ္စကို ရှင် မစ်စတာလုကို နည်းနည်းလောက် ပြောပေးနိုင်မလား။ မုန့်ရွှင်းကို ထျန်းယွီမှာပဲ နေခိုင်းလိုက်ပါလားဟင်။ ကျွန်မ သူနဲ့အတူရှိနေတာကြာပြီဆိုတော့ တခြား‌မန်နေဂျာတွေ မပြောင်းချင်တော့ဘူး။"

လုလီထင်းသည် အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့မျက်နှာမှာ ပြဿနာတစ်ခုခုရှိနေပုံပေါ်သည်။ လုလီရှင်း၏ ကားနောက်မှ လိုက်ပါရင်း သူသည် အကွေ့တစ်ခုကို ကွေ့လိုက်ပြီးနောက် တောင်းပန်သော လေသံလေးနှင့် ပြောလိုက်သည်။ "ဝေဝေ ကိုယ်တောင်းပန်ပါတယ်။ ကိုယ်အရင်တစ်ခေါက်ကတည်းက လုကုမ္ပဏီရဲ့ အရင်းအမြစ်တွေကို မသုံးပါဘူးလို့ ကိုယ့်အစ်ကိုကြီးကို ကတိပေးထားပြီးပြီ၊ အဲ့ဒါအပြင် ကိုယ့်အစ်ကိုရဲ့နေရာက မင်းရဲ့ကိစ္စလောက်လေးနဲ့ သွားနှောင့်ယှက်ဖို့က ..."

ရှန်းဝေဝေ၏အပြုံးတို့မှာ သိသိသာသာပင် မှေးမှိန်သွားသည်။ သူမဘက်သို့ ခဏလေးလှည့်ကြည့်မိချိန်တွင် လုလီထင်းသည် တစ်ခုခုအား ခံစားလိုက်ရ၏။ သို့သော် သူနောက်တစ်ကြိမ် ပြန်လှည့်ကြည့်သောအခါ ရှန်းဝေဝေ၏ တောက်ပသောအပြုံးမှာ အရင်အတိုင်းပဲ တောက်ပနေဆဲဖြစ်သည်။

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)Where stories live. Discover now