Unicode
အခန်း (၈၃) - သေဆုံးခါနီး သတိပေးချက်: နောက်နှစ်နာရီအတွင်း သင့်ဇနီးသည် ကျီချင်းချင်းကို အလုပ်မှသွားကြိုပြီး နှင်းဆီပန်း ၉၉ပွင့် လက်ဆောင်ပေးပါ (၄)
စာရေးသူ - 公子闻筝
ဘာသာပြန်သူ - No Noe (Miracle_Phyu97)"လက်ထောက်ဒါရိုက်တာလီ၊ ရှင်က ဒီကိစ္စကို ဘယ်လို ဖြေရှင်းစေချင်လို့လဲ။"
"ကြည့်လေ၊ မင်းရဲ့ အလုပ်နဲ့ သက်ဆိုင်တဲ့ စာချုပ်စာတမ်းတွေကိုလည်း မင်း ပြန်ရထားပြီးပြီ။ မင်း အများကြီး ဆုံးရှုံးသွားခဲ့တာ မဟုတ်ပါဘူး။ မင်းနဲ့ ဝေဝေတို့က တစ်ကုမ္ပဏီတည်းက အနုပညာရှင်တွေပဲ။ မင်းတို့နှစ်ယောက် ဒီမှာ အလုပ်လုပ်ရင်း မကြာခဏဆိုသလို အချင်းချင်း ကတောက်ကဆ ဖြစ်နေတာက မကောင်းဘူး။ ဒီလို အရေးမပါတဲ့ အသေးအဖွဲကိစ္စလေးတွေကို ဇာချဲ့လွန်းလို့ မကောင်းဘူး မဟုတ်လား။ ဒီလိုဆိုရင်ရော ဘယ်လိုလဲ။ ဝေဝေက မင်းကို တောင်းပန်လိုက်ရင် ဒီကိစ္စကို ဒီအတိုင်းပဲ ပြီးလိုက်ကြတာပေါ့။"
ကျီချင်းချင်းက လက်ထောက်ဒါရိုက်တာလီကို အေးစက်စွာ ကြည့်နေရင်း သူ ပြောနေတာတွေကို နားထောင်လိုက်သည်။ သူ့ပြောစကားတွေကို လေးလေးနက်နက် စဥ်းစားနေသလိုမျိုး တစ်ခဏလောက် စကားပြန်မပြောဖြစ်ဘူး။
သို့သော် သူမရဲ့ အဖြေကို ကြားရတာသည်မှာ မသက်သာလှပေ။
"လက်ထောက်ဒါရိုက်တာလီ၊ ကျွန်မ ရှင့်စကားတွေကို သဘောမတူဘူး။ အသေးအဖွဲကိစ္စဆိုတာ ဘာကို ဆိုလိုချင်တာလဲ။ ကျွန်မ တစ်လလုံး ဆိုင်ဘာအကြမ်းဖက်မှုကို ခံခဲ့ရတယ်။ ဒီလိုလေလေးနဲ့ တောင်းပန်စကားလေးတစ်ခွန်းက လုံလောက်တဲ့ ဖြေရှင်းချက်တစ်ခုလို့ ဆိုနိုင်ပါ့မလား။"
"ဒါဆို မင်း ဘာလိုချင်သေးလဲ။" ကုရှောက်ယွီက နှာခေါင်းရှုံ့သည်။ "မင်းပြောတဲ့ ဆိုင်ဘာအကြမ်းဖက်မှုဆိုတာ ဘာကို ဆိုလိုချင်တာလဲ။ မင်းအကြောင်း အွန်လိုင်းပေါ်မှာ ရေးသားထားတဲ့ အကြောင်းအရာတွေက လွဲမှားနေလို့လား။ ငါ မင်းကို လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ လွှင့်ပစ်လိုက်တာ၊ မင်းက ရုတ်တရတ် ချမ်းသာကြွယ်ဝလာတဲ့ သူဌေးတစ်ဦးကို ဖမ်းဆုပ်ထားနိုင်လိုက်ပြီးပြီ။ မင်းက ပေါ့ပျက်ပျက်နိုင်တဲ့ မိန်းမတစ်ယောက်ပဲ။"
YOU ARE READING
ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)
RomanceType: Web novel (CN) Associated Names: I'm young and I'm waiting at home for my spouse to return Ta Tuổi Còn Trẻ Tưởng Thủ Sống Quả [ Xuyên Thư ] 我年纪轻轻想守活寡[穿书] English Names: My Wife is My Life! Chinese Author: 公子闻筝 English Translator: Sleepy Transl...