Chapter-56

2.4K 265 1
                                    

Unicode

အခန်း (၅၆) - အနှစ်သုံးဆယ်ကြာ စင်ဂယ်ခွေးတစ်ကောင် ဖြစ်နေသည့် လုလီရှင်းသည် အဓိပ္ပါယ်နှစ်မျိုးထွက်သည့် ဆိုလိုရင်းကို နားလည်ရန် လုံးဝရှုံးနိမ့်သွားသည် (၁)
စာရေးသူ - 公子闻筝
ဘာသာပြန်သူ - No Noe (Miracle_Phyu97)

ကိုယ့်သေတွင်းကိုယ်တူးမိပြီး ပြုတ်ကျသွားတဲ့ ခံစားချက်က ဘယ်လိုနေလဲ။

အိမ်အပေါ်ထပ်တွင် အစေခံများအား စီစဥ်ညွှန်ကြားနေသည့် အန်တီဖေးရဲ့အသံကို  ကြားနေရသော လုလီရှင်းသည် အဲ့ဒီခံစားချက်ကို စေ့စေ့စပ်စပ် နားလည်သွားသည်။

“ဒါတွေက မနှစ်က သခင်လေးဝတ်ခဲ့တဲ့ အင်္ကျီတွေပဲ။ သခင်လေးရဲ့ အင်္ကျီတစ်ချို့ကို ဖယ်ထုတ်လိုက် အဲဒါမှ သခင်မလေးရဲ့ အင်္ကျီတွေကိုထည့်ဖို့ နေရာတစ်ဝက်လောက် ရမှာ။ ခဏ!! နေရာက တစ်ဝက်တည်းနဲ့ရမှာ မဟုတ်ဘူး။ အဲဒါက အရမ်းကျဉ်းနေမယ်။ နေရာကျယ်ကျယ် ရဖို့လိုတယ်။ ဟုတ်ပြီ ဒီအင်္ကျီတွေကို တခြားအခန်းကို ရွေ့လိုက်။ ဒီစားပွဲကိုလည်း ရွေ့လိုက် ပြီးတော့ သခင်မလေးအတွက် မှန်တင်ခုံကို ဒီကိုယူလာခဲ့။ အာ... ထားလိုက်တော့ နံရံဒီဇိုင်းနဲ့ဆို အဲဒါက လိုက်ဖက်မှာ မဟုတ်ဘူး။ အဲဒီဟာကို သခင်လေးရဲ့ စာကြည့်ခန်းထဲကို ရွေ့လိုက်။ အဲဒီအခန်းက သခင်မလေးရဲ့ အဝတ်လဲခန်း ဖြစ်သွားလိမ့်မယ်။” ဆိုပြီး အန်တီဖေး ညွှန်ကြားနေခဲ့သည်။

မာသည့်အရာတစ်ခုခုဖြင့် ဆောင့်မိ တိုက်‌မိသော အသံများနှင့် ဝုန်းဒိုင်းကြဲနေသော မြည်သံများသည် အချိန်ခဏကြာသည့်အထိ ထွက်ပေါ်နေခဲ့သည်။

အကြီးအကဲလုသည် အပေါ်ထပ်မှ အသံများကို မကြားချင်ယောင်ဆောင် နေလိုက်သည်။ ”ချင်းချင်းရေ သမီး အထူးကြိုက်နှစ်သက်တဲ့ အစားအစာမျိုးရှိလား။ ဒါမှမဟုတ် သမီးမကြိုက်တဲ့ အစားအစာတွေရှိလား။ ရှိရင် သမီးရဲ့အကြိုက်တွေကို အန်တီဖေးကို ပွင့်ပွင့်လင်းလင်း ပြောလို့ရတယ်နော်။ ကိုယ့်အိမ်လို သဘောထားပြီး လွတ်လွတ်လပ်လပ်နေနော်။ ကိုယ့်ကိုကိုယ် မနှိပ်စက်နဲ့။ ပြီးတော့ လီရှင်းက သမီးကို အနိုင်ကျင့်တာတို့ ကောင်းကောင်း မဆက်ဆံပေးတာမျိုးဆို အဘိုးကို ချက်ချင်းပြောဖို့‌ မမေ့နဲ့နော်။”

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)Donde viven las historias. Descúbrelo ahora