Chapter-100

1.6K 168 2
                                    

Unicode

အခန်း (၁၀၀)
စာရေးသူ - 公子闻筝
ဘာသာပြန်သူ - No Noe (Miracle_Phyu97)

ကျီချင်းချင်းသည် သူ့ကို အာရုံစိုက်ရန် အလွန်ပျင်းရိသည်။ အဲ့ဒီအစား သူမ ကိုင်ထားတဲ့ ရေနွေးခွက်ကိုသာ ဆက်သောက်နေခဲ့သည်။

ဒါရိုက်တာက ဇာတ်ညွှန်း လုယောင်ထံ ကိုယ်တိုင်ကိုယ်ကျ လာပို့ပေးသည်။ ဒီနေ့ ရိုက်ကူးမယ့် အကြောင်းအရာကိုတောင်မှ ရှင်းပြလိုက်သေးသည်။ လုယောင်က သူ့ကို အမှုမဲ့အမှတ်မဲ့လောက်သာ ပြန်တုံ့ပြန်သည်။

လုယောင်ရဲ့အေးဂျင့်သည် မြင်လိုက်တာနဲ့ အလွန် အရည်အချင်းရှိသော အမျိုးသမီးဖြစ်ကြောင်း ပြောနိုင်သည်။ သူမသည် ဒါရိုက်တာကို တင်စီးပြီး မောက်မာသော ပုံစံဖြင့် စကားပြောဆိုခဲ့သည်။ သူမက အချက်တစ်ချက်ကိုပင် ထောက်ပြခဲ့သေးသည်၊ "အခုဆို ၁၁နာရီ ထိုးနေပြီ၊ ကျွန်မတို့ ၁၂နာရီလောက်ဆို ရိုက်ကူးရေး ပြီးအောင် လုပ်ရမယ်။ ဒါ့အပြင် စတူဒီယိုမှာ ဘယ်သူမှ ဗီဒီယို ရိုက်ကူးခွင့် မရှိရဘူး။ ရိုက်ကူးရေး အကြောင်းအရာနဲ့ သတင်းတွေကို မျှဝေခွင့်မပြုဖို့ တားမြစ်ထားသင့်တယ်။"

ဒါရိုက်တာက တောက်ပစွာ ပြုံးပြီး "ဒါက သဘာဝပါပဲ။" လို့ ပြောသည်။

ဘေးနားမှာ ရေနွေးခွက်ကို တိတ်တဆိတ် သောက်နေတဲ့ ကျီချင်းချင်းကို ကြည့်ရင်း အေးဂျင့် မျက်မှောင်ကြုတ်သွားသည်။

ကျီချင်းချင်းသည် အမျိုးသားအနုပညာရှင်တစ်ဦးနှင့် အလုပ်အတူတူ လုပ်ပြီးနောက် ကောလဟလသတင်းများ ထွက်ရှိလေ့ရှိကြောင်း ဖျော်ဖြေရေးနယ်ပယ်ရှိ လူတိုင်း သိရှိထားကြသည်။ ကျီချင်းချင်းနှင့် လုယောင်တို့ဟာ ချောကလက်ကြော်ငြာအတွက် အတူတူ ရိုက်ကူးရမည်။ ဒီရူတင်အပြီးမှာ သူတို့အကြောင်း သတင်းစာ ခေါင်းကြီးပိုင်းမှာ ပါလာမှာကို သူမ စိုးရွံ့မိသည်။

သို့သော် ဒါက သူမအတွက် အလွန်စိုးရိမ်သင့်သည့် ကိစ္စ မဟုတ်ပေ။ အဆုံး၌ စုံတွဲအဖြစ် ပရိသတ်အကြား နာမည်ကျော်ကြားတာက သင့်လျော်သော စျေးကွက်ရှာဖွေရေး အသွားအလာနှင့် ငွေရှာရန် အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်သည်။ သတင်းအနည်းငယ် ပွထပြီးနောက် သူမသည် ၎င်းတို့အကြား မည်သည့်ဆက်ဆံရေးမျှ မရှိပါဘူးဟု ရှင်းလင်းချက်တစ်ခု တင်လိုက်ရုံသာ လိုအပ်သည်။ ဤနည်းအားဖြင့် ကျီချင်းချင်းသာလျှင် ပရိသတ်တွေရဲ့ ဆဲဆိုကြိမ်းမောင်းခြင်းကို ခံရလိမ့်မည်။

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)Where stories live. Discover now