Chapter-109

1.4K 113 1
                                    

Unicode

အခန်း (၁၀၉)
စာရေးသူ - 公子闻筝
ဘာသာပြန်သူ - No Noe (Miracle_Phyu97)

"မနက်ဖြန် နေ့လည်... သမီး အားတယ်။"

"ကောင်းပြီ၊ မနက်ဖြန်နေ့လည်ကျ သမီးလာမှာကို အမေ စောင့်နေမယ်။ စောစောလာခဲ့ပေါ့၊ ဟုတ်ပြီလား။"

"ဟုတ်ကဲ့ပါ၊ သမီး စောစော လာခဲ့ပါ့မယ်။"

"ကောင်းပြီ၊ ဒါဆို သမီးလည်း အလုပ်များနေမှာပဲ၊ ဖုန်းချလိုက်တော့မယ်နော်။"

ကျီချင်းချင်းသည် ဖုန်းချလိုက်ပြီး သူမဖုန်းထဲမှ ငွေလွှဲမှတ်တမ်းများကို ကြည့်လိုက်သည်။ ကျီချင်းချင်းသည် လစဥ် ယွမ် ၃သိန်းခန့် သူမမိသားစုံ လွှဲပေးခဲ့သည်။

ဘာလုပ်ရမည်ကို စဥ်းစားပြီးနောက် ကျီချင်းချင်းသည် ငွေမလွှဲသေးဘူးဟု ဆုံးဖြတ်လိုက်သည်။ သူမ မနက်ဖြန် အိမ်ပြန်မှာဆိုတော့ ဒီနေ့ပဲပို့ပို့ မနက်ဖြန်မှပေးပေး အတူတူပါပဲ။ ငွေမလွှဲခင် အိမ်က အခြေအနေကို အရင်ကြည့်ဖို့ လုပ်ရမည်။

နောက်နေ့မနက်စောစောမှာ ကျီချင်းချင်း တစ်ဦးတည်း အိမ်ကို ကားနှင့် အရင်ပြန်ခဲ့သည်။ အဖိုးလုသည် လုလီရှင်းကို သူမနှင့် အတူ လိုက်စေချင်သော်လည်း သူမသည် သူ့ရဲ့ ရည်ရွယ်ချက်ကောင်းကို ငြင်းပယ်ခဲ့သည်။ အန်တီဖေး အထူးပြင်ဆင်ထားသည့် လက်ဆောင်တချို့ကို အိမ်ကို ပြန်ယူသွားခဲ့ပေးသည်။

အိမ်ကို ပြန်လာစဥ် ကားပေါ်တွင် ကျီချင်းချင်းဟာ မူလခန္ဓာပိုင်ရှင်ရဲ့ မိသားစုအကြောင်း စဥ်းစားနေခဲ့သည်။ မနေ့က အမေကျီတစ်ယောက် သူမကို ဖုန်းခေါ်လိုက်ကတည်းက ကျီချင်းချင်းသည် သူမရဲ့ "အမေ" ဆိုသည့် ပုဂ္ဂိုလ်ဟာ ဆက်ဆံရ သိပ်မလွယ်မှန်းကို နားလည်သဘောပေါက်သွားခဲ့သည်။ သူမ အရင်ဘဝတုန်းက သူမဟာ အရှံးတွေ အများကြီးကို စားသုံးခဲ့ရပြီး ဒုက္ခများစွာ ခံစားခဲ့ရသည်။ သူမသည် ယခင်အမှားတွေကနေ သင်ယူနိုင်ခဲ့ပြီး အခြားဆုံးရှုံးမှုများကို စားသုံးခွင့်မပြုတော့ပေ။

နာရီဝက်အကြာတွင် ကျီမိသားစုအိမ်သို့ သူမ ရောက်ရှိသွားသည်။

မူလခန္ဓာပိုင်ရှင်သည် သာမန်မိသားစုမှ ဆင်းသက်လာသူ ဖြစ်သည်။ ကျီချင်းချင်းတစ်ယောက် ဖျော်ဖြေရေးနယ်ပယ်သို့ မဝင်ရောက်ခင် မိသားစုငါးယောက်ဟာ စတုရန်းမီတာ ၆၀ထက် မပိုတဲ့ အိမ်အိုကြီးတစ်လုံးမှာ နေထိုင်ခဲ့ရသည်။ ကျီချင်းချင်းသည် ဖျော်ဖြေရေးနယ်ပယ်သို့ ဝင်ရောက်ပြီး ဝင်ငွေအနည်းငယ် ရှာဖွေနိုင်ပြီးနောက်တွင် သူ့မိသားစုအတွက် မြို့လယ်ခေါင်မှာ အိမ်ကြီးတစ်လုံး ဝယ်ယူပေးခဲ့သည်။

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)Onde histórias criam vida. Descubra agora