Unicode
အခန်း (၁၂၀)
စာရေးသူ - 公子闻筝
ဘာသာပြန်သူ - No Noe (Miracle_Phyu97)"..."
လုလီရှင်း သက်ပြင်းချလိုက်ပြီး သူ့ရင်ခွင်ထဲတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော ကျီချင်းချင်းကို ငုံ့ကြည့်မိတော့ ခေါင်းပင် ဆိုးဆိုးရွားရွား ကိုက်လာခဲ့သည်။
အန်တီဖေး၏ အတင်းအဖျင်းပြောသံကြောင့် ကျီချင်းချင်း နိုးလာသောအခါတွင် ဗီလာရှိ လူတိုင်း ဤအကြောင်းကို သိသွားကြလိမ့်မည်။ အကြင်လင်မယား ဖြစ်နေသောကြောင့် ဤအကြောင်းကို အတင်းအဖျင်းပြောလျှင်ပင် ဒါက ကိစ္စကြီးကြီးမားမား မဟုတ်ပေ။ ဒါက အိမ်ထောင်ရှင်စုံတွဲတွေ လုပ်သင့်လုပ်ထိုက်သည့် အရာတစ်ခုပဲ ဖြစ်သည်။
ဒါပေမယ့် ကျီချင်းချင်းနိုးလာပြီး သူမ အိပ်ပျော်နေချိန်မှာ သူဘာတွေလုပ်ခဲ့လဲ ဆိုတာကို ပြန်ကြားလိုက်တဲ့အခါ ဒါကို သူဘယ်လိုရှင်းပြရမလဲ။
လုလီရှင်းသည် သူ့နံဘေးနားက ကျီချင်းချင်းရဲ့ နူးညံ့တဲ့ အသက်ရှုသံကို ခံစားခဲ့ရသည်။ ကျီချင်းချင်းတစ်ယောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားချန်တွင် သူ့ကို ရစ်ပတ်ဖက်တွယ်ထားတဲ့ သူမရဲ့ လက်တွေ ခြေတွေက တဖြည်းဖြည်း ပြေလျော့သွားခဲ့သည်။ လုလီရှင်းသည် ကျီချင်းချင်း၏ ခါးတစ်ဝိုက်ကို တင်းတင်းကြပ်ကြပ် ဖက်ပွေ့ထားပြီး ကျီချင်းချင်း အရက်မူးနေချိန် ပြောပြသော ဇာတ်လမ်းကို ပြန်ပြောင်းသတိရမိသည်။
ကျီချင်းချင်းသည် သူမရဲ့ မိသားစုကို တစ်လ ယွမ် ၃၀၀,၀၀၀ ပို့ပေးခဲ့ပြီး သူမရဲ့ မောင်လေးဖြစ်သူမှာ လောင်းကစား စွဲနေခဲ့သည်။ သူမရဲ့ မိသားစုတစ်ခုလုံးက သူတို့ကို ထောက်ပံ့ဖို့ သူမကိုသာ အားကိုးအားထားပြုသည်။
လုလီရှင်းသည် သူမပြောတာကို သဘောတူလက်ခံသည်။ ကျီချင်းချင်းသည် သူမရဲ့ မိသားစုအတွက် အများကြီး လုပ်ပေးခဲ့ပြီးပြီ၊ အခုအချိန်မှာ သူတို့ထံ ဘာမှ အကြွေးမတင်တော့ဘူး။ ကျီချင်းချင်းသည် သူမ၏ လောဘကြီးသော မိသားစုနှင့် အဆက်အသွယ်ဖြတ်မယ် ဆိုပါက ဘာမှ မမှားဘူးဟု သူယုံကြည်သည်။
