Chapter-111

1.3K 134 1
                                    

Unicode

အခန်း (၁၁၁)
စာရေးသူ - 公子闻筝
ဘာသာပြန်သူ - No Noe (Miracle_Phyu97)

"နင် ဖျော်ဖြေရေးနယ်ပယ်ထဲ ဝင်လိုက်ရုံနဲ့ အောင်မြင်ချမ်းသာလာလိမ့်မယ်လို့ မထင်နဲ့။ ယုယန်ရဲ့ မိသားစုကို ကြည့်ပါလား။ သူ့မိသားစုက ကုမ္ပဏီအနည်းငယ် ပိုင်ဆိုင်ထားပြီး ပိုင်ဆိုင်မှုအသားတင်က ယွမ် နှစ်ဘီလီယံကျော် ရှိတယ်။ အဲ့တာကို နင်သိလား။ သမီးသာ သူ့ကို လက်ထပ်လိုက်နိုင်ရင် သမီးဘဝရဲ့ နောက်သက်တမ်းတစ်ဝက်အတွက် အစားအသောက်နဲ့ အဝတ်အစားအတွက် ပူပန်စရာ မလိုတော့ဘူး။"

"အစားအသောက်နဲ့ အဝတ်အစားအတွက် အခုလည်း သမီး စိတ်ပူမနေရပါဘူး။"

အမေကျီက သူမကို စိုက်ကြည့်လိုက်သည်၊ "သမီး တစ်သက်လုံးအတွက် အစားအသောက်နဲ့ အဝတ်အစားအတွက် ပူပန်စရာမလိုတော့ဘူးဆိုတဲ့ အဓိပ္ပါယ်ကို သမီး သိရဲ့လား။ သမီးသာ သူ့နဲ့ လက်ထပ်နိုင်ရင် အစားအသောက်နဲ့ အဝတ်အစားအတွက် စိတ်ပူစရာမလိုပဲ ချမ်းသာတဲ့ အမျိုးသားရဲ့ ဇနီးမယားတစ်ယောက်လို သက်တောင့်သက်သာရှိပြီး ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်လိမ့်မယ်လို့ အမေ ပြောနေတာ။ အမေက သမီးရဲ့အမေမို့ အမေက သမီးအတွက်လုပ်နေတာ။ အမေက သမီးကို နာကျင်စေမယ်လို့ သမီး ထင်နေတာလား။"

ကျီချင်းချင်းသည် ပေါ့ပေါ့ပါးပါး တခစ်ခစ်ရယ်ပြီး ဘာမှ ပြန်မပြောပါဘူး။

အမေကျီသည် ယုယန်တို့ရဲ့မိသားစု အသားတင်ပိုင်ဆိုင်မှု ယွမ် နှစ်ဘီလီယံကြောင့် အရမ်းစိတ်လှုပ်ရှားနေပြီး စိုးရိမ်ပူပန်နေခဲ့သည်။ လုလီရှင်းရဲ့ အသားတင်ပိုင်ဆိုင်မှုကတင် ယွမ် ၁၀၀ ဘီလီယံကျော်မှန်း သူမ သိရှိပါက အမေကျီဟာ အရမ်းပျော်လွန်းလို့ ကောင်းကင်ဘုံသို့ပင် ရောက်သွားလိမ့်မည်လားဟု ကျီချင်းချင်း တွေးနေမိသည်။

"သမီး နင် ယုယန်ကို ဖမ်းပြီး သေသေချာချာ ဆုပ်ကိုင်ထားသင့်တယ်။ သမီး နင် သူ့ကို လက်ထပ်နိုင်သရွေ့ ဖျော်ဖြေရေးနယ်ပယ်မှာ အလုပ်ကြိုးစားစရာ မလိုတော့ဘူး။ အနာဂတ်မှာ ကောင်းမွန်တဲ့ဘဝမျိုးမှာ နေထိုင်နိုင်လိမ့်မယ်။"

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)Where stories live. Discover now