Chapter-159

776 64 1
                                    

အခန်း (၁၅၉)

သေချာစဉ်းစားပြီးမှ ဖြေတဲ့လား။

ကျီချင်းချင်းလည်း မပြောခင် ခေတ္တမျှစဉ်းစားလိုက်သည်။ "အန်တီဖေး ချက်ပေးတဲ့..."

လုလီရှင်းသည် ထပ်မံကြားဖြတ်လိုက်သည်။ "အန်တီဖေးမှ ဒီမှာမရှိဘဲ၊ သူချက်တာစားချင်လို့ မရနိုင်ပါဘူး။"

ကျီချင်းချင်းသည် သူ့ကိုစိတ်ရှုပ်စွာ ကြည့်လိုက်သည်။ "အန်တီဖေးမရှိတာတော့ သိတာပေါ့၊ ဒါပေမဲ့ ဟိုတယ်က စာဖိုမှူးတွေကတော့ အဲ့လိုမျိုး ချက်ရင်ချက်နိုင်မှာပေါ့။"

"အခုဆို ဟိုတယ်စာဖိုမှူးတွေ အကုန်လုံးလည်း အနားယူနေကြပြီ၊ ပြီးတော့ ဒီနေရာက ချောင်ကျလို့ ပစ္စည်းအစုံအလင် ရှိမှာလည်း မဟုတ်ဘူး။"

"ဒါဆို ဘာဖြစ်လို့ ဘာစားချင်လဲလို့ လာမေးနေသေးလဲ။" ကျီချင်းချင်းမှ ပြန်ပြောလိုက်သည်။

မနေ့ညက အဖျားကြောင့် လေသံမြှင့်လိုက်သောအခါ လည်ချောင်းနာလာလေသည်။

သူမလေသံမြင့်လာသည်ကို မတ်တပ်ရပ်နေသော လုလီရှင်း ကြားလိုက်ရသည်။ တစ်မိနစ်ခန့်ကြာသောအခါ မီးဖိုချောင်ထဲဝင်သွားလျက် ရေနွေးတစ်ဖန်ခွက်နှင့် ပြန်ထွက်လာကာ သူမအား အဖျားပျောက်ဆေးနှင့်တွဲပေးလိုက်သည်။

"မနေ့ညကအဖျားနည်းနည်းကျန်နေသေးတာပဲ၊ ပေါ့ပေါ့ပါးပါးလည်းဖြစ်အောင် ဆန်ပြုတ်သောက်ပါလား" နူးညံ့စွာ အမိန့်ပေးလိုက်သည်။

ကျီချင်းချင်းသည် သူမရှေ့ရှိဖန်ခွက်ကို ကြည့်လိုက်သည်။ အနည်းငယ်နွေးနေတုန်း ဖြစ်ပေသည်။ ဖန်ခွက်ကိုယူလျက် ဆေးနှစ်လုံးမြိုချလိုက်ကာ နှစ်ငုံမျှသောက်လိုက်သည်။ လည်ချောင်းနာနေခြင်းသည် အတန်ငယ်မျှ သက်သာသွားလေသည်။

"ဆန်ပြုတ်လား၊ မသောက်ပါဘူး"

"ဆန်ပြုတ်က အစာကြေဖို့လွယ်ပြီး ခန္ဓာကိုယ်အတွက်လည်း ကောင်းတယ်" လုလီရှင်းသည် ကောင်းကျိုးများ ရှင်းပြနေလေသည်။ "ထမင်းမှာက ဂုဏ်သတ္တိတွေ အများကြီးရှိတယ်လေ၊ အာဟာရလည်းဖြစ်စေတယ်၊ သရက်ရွက်အတွက်လည်းကောင်းတယ်၊ အစာကြေလွယ်စေပြီးတော့ ဝမ်းပျက်ဝမ်းလျှောရန်ကလည်း ကာကွယ်ပေးတယ်၊ မင်းကအခုထိ နေမှပြန်မကောင်း..."

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)Where stories live. Discover now