Unicode
အခန်း(၂၂) - တံခါးနားမှာ ချောင်းနားထောင်နေတဲ့ လုလီထင်: ... F*ck! (၄)
စာရေးသူ - 公子闻筝
ဘာသာပြန်သူ - No Noe (Miracle_Phyu97)“ပထမအပိုင်းကို ထပ်ပြောပါဦး”
“ကျွန်မတို့ လက်ထပ်ခဲ့တဲ့အကြောင်းတောင်မှ ကျွန်မက ရှင့်အတွက် ကျန်းမာရေး ပြန်ကောင်းလာစေဖို့ မျှော်လင့်ပြီးတော့ အကြီးအကဲလုက စီစဥ်ခဲ့တဲ့ အိမ်ထောင်ရေးမျိုးလေ။ ဒါပေမယ့် ရှင်က ကျွန်မခင်ပွန်းပါပဲ…”
“ရပ်လိုက်”
ကျီချင်းချင်းက သူမမျက်ခုံးကို ပင့်လိုက်သည်။ ဘာလဲ။
“ဒုတိယအပိုင်းကို ဆက်ပြော”
".... အနာဂတ်မှာ ဘာပဲဖြစ်ဖြစ် ရှင်က ကျွန်မရဲ့ယောကျာ်းပဲ ဖြစ်လိမ့်မယ်။ စိတ်မပူပါနဲ့။ ကျွန်မ ရှင့်အတွက် အကြီးအကဲလုကို ကောင်းကောင်းဂရုစိုက်ပြုစုပေးပါ့မယ်။”
လုလီရှင်း၏ သူ့နှုတ်ခမ်းကို အပေါ်သို့ အနည်းငယ်တွန့်ကွေးပြီး ပြောလိုက်သည်။
“မင်း အရင်ပြောတုန်းက ခင်ပွန်းလို့ မပြောခဲ့ဘူးလား။”
ကျီချင်းချင်းက သူ့ကို နားမလည်တဲ့အကြည့်နဲ့ ကြည့်လိုက်သည့်အခါမှာ လုလီရှင်းက ပြောလိုက်သည်။
“မင်း အရင်တုန်းက ပြောခဲ့တဲ့စကားထဲမှာ ခင်ပွန်းလို့ပြောတာပါတယ်။”
ကျီချင်းချင်း၏မျက်နှာလေးဟာ နီရဲသွားခဲ့သည်။
“အဲ့တာက အမှတ်တမဲ့ ထွက်သွားတာ”
“ကိုယ့်ကို ခင်ပွန်းလို့ ထပ်ခေါ်ပါဦး။”
ကျီချင်းချင်းသည် ပါးစပ်အဟောင်းသား ဖြစ်သွားမိသည်။
ဒီညီအစ်ကိုနှစ်ယောက်စလုံးက အတူတူပဲ။ မကောင်းတဲ့ကောင်တွေ...။
လုံးဝ မရှက်မရှိကြဘူး။
ကျီချင်းချင်းသည် အခန်းထဲမှထွက်သွားရန် မတ်တပ်ထရပ်လိုက်သည်။
လုလီရှင်းသည် သူမလက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားပြီး သူမကို ထွက်သွားခွင့်မပြုပေ။
သူတို့နှစ်ဦးဟာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။