Chapter-166

749 60 1
                                    

အပိုင်း (၁၆၆)

ချင်ယွဲ့နှင့် ဝမ့်ရိုတို့ လာပို့ပေးသော ဟင်းပွဲများအားလုံးသည် ဟိုတယ်စာဖိုမှူးများမှ ပြင်ဆင်‌ပေးထားခြင်းဖြစ်သည်။ သူတို့ကိုကြည့်ရတာ အရသာရှိမည့်ပုံပေါ်ကာ စားချင့်စဖွယ်ပင်။

လုလီရှင်း ချက်ပြုတ်ခဲ့သော ဟင်းသုံးမျိုးနှင့် နှိုင်းယှဥ်ပါက နပိုလီယံဝရာဆေးငါးဟင်း၏ အရောင်မှာ ကြည့်ကောင်းသော်လည်း ၎င်းကို မြည်းစမ်းကြည့်သောအခါတွင် ငါးအသားသည် အကျက်လွန်သွားသောကြောင့် ငါး၏လတ်ဆတ်သည့် အရသာမှာ မရှိတော့ပေ။ ရှာလကာရည်၏ အရသာခပ်ပြင်းပြင်းနှင့် ပေါင်းစပ်လိုက်တော့ နပိုလီယံဝရာဆေးငါး၏ အဖိုးတန်မှုကို ကွယ်ပျောက်သွားစေပါသည်။ ပြောင်းဖူးပုဇွန်ဟင်းပွဲမှာ တစ်ဖက်ကမဲပြီး တစ်ဖက်ကတူးနေကာ အရသာက ချိုငန်ကြီး ဖြစ်နေ၏။ မဲတူးနေသော အသီးအရွက်ပန်းကန်မှာ ကြည့်ရုံနှင့်ပင် လူတွေကို စားချင်စိတ်ပျောက်စေသည်။

ကျီချင်းချင်းသည် ရည်ရွယ်ချက်ကောင်းလေးဖြင့် ချင်ယွဲ့ ယူလာပေးသော ဟင်းပွဲများကို လုလီရှင်းရှေ့သို့ ချပေးလိုက်သည်။ "မစ္စတာလု၊ ရှင် ဒီနေ့ပင်ပန်းသွားပြီ။"

လုလီရှင်းသည် မျက်မှောင်ကြုတ်ပြီး သူမအား မှုန်မှိုင်းစွာ ကြည့်နေခဲ့သည်။

ထိုအကြည့်နှင့်ပင် ကျီချင်းချင်းသည် ထိုလူ၏စိတ်အခြေအနေအား နားလည်လိုက်ကာ သူမစကားလုံးတို့ကို ပြောင်းလဲလိုက်သည်။ "ခင်ပွန်းရေ၊ ရှင် ဒီနေ့ပင်ပန်းသွားပြီ။"

--" ကျန်းမာရေးအမှတ် + ၁၊ လက်ရှိ ကျန်းမာရေးအမှတ်သည် ၁ နာရီ တန်ဖိုးရှိသည်။"

လုလီရှင်းသည် သူ၏မျက်တောင်တို့ကို ဖြေးညှင်းစွာ ချလိုက်ပြီး ခန္ဓာကိုယ်အား ကျီချင်းချင်း၏အနီးသို့ တိုးကပ်သွားကာ "ဒါ ကိုယ် ပထမဆုံး ဟင်းချက်တာပဲ။ ကျေးဇူးတင်ကြောင်းပြဖို့ တစ်ခုခု လုပ်မပေးတော့ဘူးလား။" ဟု ပြောလိုက်သည်။

ကျီချင်းချင်းသည် နောက်ဆုတ်လိုက်ပြီး သူမနှင့် လုလီရှင်းကြားမှ အကွာအဝေးကို ခြားလိုက်သည်။

"တစ်ခုခု လုပ်ပေးသင့်တယ်၊ ဟုတ်လား။"

လုလီရှင်းသည် ခုနက ကျီချင်းချင်း အဝေးသို့ ပို့လိုက်သော ပြောင်းဖူးပုဇွန်ဟင်းပွဲကို ယူလိုက်သည်။

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)Where stories live. Discover now