Chapter-150

1.3K 115 1
                                    

အခန်း (၁၅၀)

မေးခွန်းသည် ထိမိလှပေသည်။

မနက်ဖြန်ရိုက်ကူးရေးအတွက်သာ မဟုတ်လျှင် လုလီရှင်းအရှေ့တွင် အရှက်ရဖွယ် ပြုမူမိမည် မဟုတ်ပေ။

"ရှင်က သရုပ်ဆောင်တတ်လို့လား"

"အရင်တုန်းကတော့ မလုပ်ဖူးပေမဲ့ မလုပ်တတ်တာတော့ မဟုတ်ပါဘူး၊ မင်းသရုပ်ဆောင်တာကိုတော့ တုန့်ပြန်ပေးနိုင်ပါတယ်။"

"ဟုတ်ပြီလေ အဲ့ဒါဆို စလိုက်ကြတာပေါ့" အတူလေ့ကျင့်ပေးမည့် တစ်စုံတစ်ယောက် ရှိနေခြင်းသည် နေရာလွတ်ကိုကြည့်၍ ပြောရခြင်းထက်တော့ သာလွန်ပေသည်။

အသက်ပြင်းပြင်းရှူလိုက်ကာ သူမထံရှိ မသက်မသာမှုများကို ဖယ်လိုက်၍ စာသားများကို အာရုံစိုက်လိုက်သည်။

"ရှင် ဘာဖြစ်လို့ ကျွန်မကို မချစ်ရတာလဲ၊ သူ့မှာ ရှိတဲ့အရာတွေ ကျွန်မမှာ မရှိလို့လား၊ ရှင်သိရောသိရဲ့လား..."

လုလီရှင်းသည် ခေါင်းညိတ်လိုက်သည်။ "သိတာပေါ့"

"ရှင်သိတယ် ဟုတ်လား၊ ဒါဆို ဒီတလျှောက်လုံး ရှင် ကျွန်မကို အသုံးချခဲ့တာပေါ့။"

"ဟုတ်တယ်။"

"ရှင်သာ အမှန်ကို ပြောခဲ့မယ်ဆိုရင် ကျွန်မကူညီပေးမှာပဲလို့ မတွေးမိဘူးလား၊ ဘာလို့ ကျွန်မကို လိမ်ညာပြီး အသုံးချခဲ့တာလဲ လုရှီချန်း..."

"နေဦး" လုလီရှင်းမှ ပြောလိုက်သည်။ "လုရှီချန်း မဟုတ်ဘူး၊ လုလီရှင်းလေ"

ကျီချင်းချင်းသည် ရေရွတ်လိုက်သည်။ "အဓိကဇာတ်ကောင်က လုရှီချန်းလေ၊ ရှင်မှ မဟုတ်တာ"

လုလီရှင်းသည် ဆိုဖာမှထလျက် အင်္ကျီလက်ကို ခေါက်တင်လျက် ပြောလိုက်သည်။ "ကိုယ်လည်း ဇာတ်ကောင်ရဲ့ ခံစားချက်ကို ရဖို့လိုတယ်လေ။"

"ဟုတ်ပါပြီ၊ ဟုတ်ပါပြီ" ကျီချင်းချင်းသည် အသက်ပြင်းပြင်းရှူလျက် ဆက်ပြော‌လေသည်။

"လုလီရှင်း၊ ဖေဖေကသာ ရှင့်ကို သူ့အသက်နဲ့ရင်းပြီး မခေါ်ခဲ့ဘူးဆိုရင် ရှင် အခုဆို အသတ်ခံပြီးနေလောက်ပြီ၊ နှစ်တွေကြာပြီးတဲ့နောက်မှာ ကျွန်မက ရှင့်နှလုံးသားကိုတော့ နွေးထွေးစေနိုင်လောက်မယ်လို့ ထင်ခဲ့မိတာ၊ အခုလို အဖြစ်အပျက်မျိုးကိုတော့ မျှော်လင့်မထားခဲ့မိဘူး၊ ကျက်သရေမရှိ၊ ရက်စက်ပြီး အရှက်မရှိတဲ့အကောင်ရဲ့၊ လုလီရှင်း၊ ရှင့်မှာအသိတရားရော ရှိရဲ့လား။"

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)Wo Geschichten leben. Entdecke jetzt