Chapter-167

897 67 1
                                    

အခန်း (၁၆၇)

လုလီရှင်းသည် စိတ်ထဲမှာ စိတ်တွက် တွက်ချက်နေမိသည်။ "ကောင်းပြီလေ၊ ဒါဆို ကိုယ့်ကို ခင်ပွန်းလို့ အကြိမ် ၁၀၀ ခေါ်ပေး။"

"..."

ဒါကြီးက အရမ်းလွန်တာပဲ။

လုလီရှင်းတစ်ယောက် တကယ်ကြီး လွန်လာတော့တာပဲ။

အရင်တုန်းက အကြိမ် ၁၀၊ ၂၀၊ အခုတော့ အကြိမ် ၁၀၀ ဖြစ်လာပြီ။

ငါက အသံသွင်းစက်ကြီးမို့လို့လား။

ခင်ပွန်းလို့ခေါ်တာကို ဒီလောက်ကြားချင်နေမှတော့ အသံသွင်းစက်နဲ့ အသံသွင်းထားမယ်ဆိုရင်ရော မရဘူးလား။

ကျီချင်းချင်းသည် သူမရဲ့ လက်ကိုင်ဖုန်းကိုထုတ်ကာ သူမရဲ့ လက်ကိုင်ဖုန်းမှ အသံဖမ်းစက်ကိုဖွင့်ပြီး "ခင်ပွန်း" ဟု အသံသွင်းလိုက်သည်။

"မင်း ဘာလုပ်နေတာလဲ။"

အသံသွင်းပြီးသွားသောအခါ ကျီချင်းချင်းသည် ဖုန်းအား လုလီရှင်းရှေ့သို့ ပို့လိုက်သည်။ "ရှင်ပဲ ခင်ပွန်းလို့ခေါ်တာကို နားထောင်ချင်နေတာ မဟုတ်ဘူးလား။ အသံသွင်းထားတာလဲ တူတူပဲလေ။"

ထို့နောက် ကျီချင်းချင်းသည် သူမ အသံသွင်းထားတာကို ထပ်ခါထပ်ခါ ဖွင့်တော့သည်။

အသံသွင်းစက်မှ "ခင်ပွန်း" ဟူသောအသံသည် ဆက်လက် ထွက်ပေါ်နေသော်လည်း သူ့ရဲ့ ကျန်းမာ‌ရေးအမှတ်များမှာတော့ တိုးလာခြင်း မရှိပေ။

လုလီရှင်းသည် အသံဖမ်းစက်ကို ပိတ်လိုက်သည်။

"အနည်းဆုံးတော့ ကိုယ် ဒီဟင်းပွဲတွေကို မင်းအတွက် အထူးတလည် ချက်ပြုတ်ပေးခဲ့တာလေ။ နည်းနည်းလောက် သေသေချာချာလေး ကျေးဇူးတင်ပေးလို့မရဘူးလား။"

"ခင်ပွန်း၊ ရှင့်ရဲ့ ပထမဆုံးသော မီးဖိုချောင်ဝင်ခြင်းက တကယ့်ကို အမှတ်တရပါပဲ။ ဒါပေမဲ့ ဒါတွေကို တစ်ဝက်စီကုန်အောင်စားပြီးတော့ အောင်ပွဲဆင်ဖို့တော့ မသင့်တော်ဘူးလို့ ကျွန်မထင်တယ်။ ဒီလိုလုပ်ပါလား၊ ကျွန်မ နှစ်လုတ်လောက် ထပ်စားလိုက်မယ်လေ၊ ဘယ်လိုလဲ။"

--" ကျန်းမာရေးအမှတ် + ၁၊ လက်ရှိ ကျန်းမာရေးအမှတ်သည် ၂၄ နာရီ တန်ဖိုးရှိသည်။"

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)Where stories live. Discover now