Chapter-46

2.7K 306 5
                                    

Unicode

အခန်း(၄၆) - လုလီရှင်းက ဘာ့ကြောင့် အသက်ရှင်နေသေးတာလဲ (၂)
စာရေးသူ - 公子闻筝
ဘာသာပြန်သူ - No Noe (Miracle_Phyu97)

-- “ကျီချင်းချင်းနဲ့အတူအိပ်တာ ၈နာရီကျော်ကြာတော့ မင်းအတွက် အသက်ရမှတ် ၈မှတ်ပေးမယ်။ ဒီအချိန်နာရီများက မင်းအသက်ရှင်ဖို့အတွက် အထောက်အပံပေးလိမ့်မယ်”

“မင်း သွားသေလိုက်…”

-- “ကျေးဇူးပြုပြီး ဒီsystemကို မကျိန်ဆဲပါနဲ့။”

လုလီရှင်း၏မျက်နှာမှုန်မှိုင်းသွားခဲ့ပြီး “ဂုဏ်သရေရှိလှပါသောsystemကြီးရေ မင်း ငါ့ကို လာနောက်နေတာလား။” ဆိုပြီးပြောလိုက်သည်။

-- “မင်းဘာဆုံးရှုံးမှုကိုမှ မခံစားခဲ့ရပါဘူး။ မင်း ကျီချင်းချင်းနဲ့ အတူအိပ်စက်ရင်း ၈နာရီကြာ ဘဝသက်တမ်းကို ရရှိသွားတယ်။ ဒါ့အပြင် မင်းရဲ့ကျန်းမာရေးကို ပြန်ကောင်းအောင် ငါ ကူညီပေးမယ်။”

လုလီရှင်းသည် စိတ်ကိုတည်ငြိမ်အောင် အစွမ်းကုန်ကြိုးစားပြီး အသက်ရှူနှုန်း ပုံမှန်ပြန်ဖြစ်သွားအောင် လုပ်ခဲ့သည်။ စောင်အောက်မှာ ပုန်းနေသည့် ကျီချင်းချင်းကို ကြည့်လိုက်ကာ သူက သူမခြုံထားသည့်စောင်ကို ဆွဲလှန်လိုက်သည်။

ကျီချင်းချင်းသည် ‌မြေကြီးထဲမှာ ခေါင်းဝှက်ထားသော ငှက်ကုလားအုတ်တစ်ကောင်ကဲ့သို့ စောင်ထဲမှ ထွက်လာသည်။ စောင်အောက်မှာ အကြာကြီးနေလိုက်ရတော့ သူမမျက်နှာဟာ နီရဲနေခဲ့သည်။ သူမလေကို အပြည့်အဝရှူရှိုက်ပြီးသည့်နောက်မှာ လုလီရှင်းက သူ၏လက်ဖဝါးနှစ်ဖက်ကို လက်ခုပ်ပုံသဏ္ဌာန်ဖြင့် သူမ၏ပါးနှစ်ဖက်ပေါ်ကို အတင်းအကြပ်ဖိလိုက်သည်။

သူမနဖူးကို ဖိကပ်နမ်းလိုက်သည်။

ကျီချင်းချင်း : !!!

လုလီရှင်းသည် အံကြိတ်ပြီး‌ ပြောလိုက်သည်။ “ကောင်းသောမနက်ခင်းလေးပါ ကိုယ့်ရဲ့အမျိုးသမီးလေးရေ”

-- “တာဝန်ပြီးမြောက်သွားပါပြီ။ မင်းဘဝသက်တမ်းထဲကို ၁မှတ် ပေါင်းထည့်လိုက်ပါပြီ။ အခုလက်ရှိ မင်းအသက်ရှင်ဖို့ ၃နာရီ ပိုတိုးသွားပါပြီ”
ဒါက... မနက်ခင်းအနမ်းလား။

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)Donde viven las historias. Descúbrelo ahora