အခန်း (၁၇၃)
မိတ်ကပ်ဆရာမှာ ချက်ချင်းပြေးလာခဲ့သည်။
ကျီချင်းချင်း၏ လည်ပင်းအားပြကာ ဒါရိုက်တာကျိုးသည် ဆူပူတော့သည်။ "မင်းလိမ်းထားတဲ့ မိတ်ကပ်ကို ကြည့်စမ်း။ လည်ပင်းမှာ ဘာဖြစ်လို့ အနီစက်တွေ ရှိနေတာလဲ။ ဇာတ်လမ်းစရိုက်တဲ့အခါ ကင်မရာထဲပေါ်နေရင် ဘယ်လိုလုပ်မလဲ။"
မိတ်ကပ်ဆရာမလေးမှာ ဘာမှပြန်မပြောရဲပေ။ သူမသည် အဆူခံရပြီးနောက် မိတ်ကပ်ဘောက်စ်ကိုယူကာ ကျီချင်းချင်း၏လည်ပင်းအား မိတ်ကပ်ပြန်ပြင်ပေးလိုက်သည်။ သို့သော် ဒါရိုက်တာကျိုး၏ အော်သံကျယ်ကျယ်မှာ အနီးနားရှိ တစ်ခြားလူများ၏အာရုံကို ဆွဲဆောင်မိသွားလေသည်။
ကျီချင်းချင်းသည် ခပ်မြန်မြန်ပင် ဖြေရှင်းချက်ပေးလိုက်သည်။ "ဒါရိုက်တာကျိုး ဒါက သူနဲ့မဆိုင်ပါဘူး။ ကျွန်မ ဓာတ်မတည့်မှုဖြစ်နေလို့၊ သူ့ကို မိတ်ကပ်နဲ့ ဖုံးခိုင်းထားတာ၊ ဒါပေမယ့် အဝတ်အစားလဲတုန်းက ပွတ်မိပြီး ပျက်သွားတာ ဖြစ်လိမ့်မယ်။"
မိတ်ကပ်ဆရာမလေးမှာ သူမအား ကျေးဇူးတင်စွာ ကြည့်လိုက်ပြီးနောက် လည်ပင်းမှ အနီစက်လေးများအား ဖောင်ဒေးရှင်း ပြန်လိမ်းပေးလိုက်သည်။ နှစ်ခါထပ်လိမ်းသော ဖောင်ဒေးရှင်းများသည် အသားအရေနှင့် မညီဘဲဖြစ်တတ်သဖြင့် သူမသည် ဒုတိယဖောင်ဒေးရှင်းကို မလိမ်းခင် ပထမလိမ်းထားသော ဖောင်ဒေးရှင်းအား ဖျက်လိုက်သည်။
ဖောင်ဒေးရှင်းအား ဖျက်လိုက်သောအခါ အနီစက်များနှင့် သူမ ကုတ်ဖဲ့ထားသဖြင့် အနီကွက်များ ဖြစ်နေသော လည်ပင်းလေးအား လှစ်ဟပြလိုက်သလို ဖြစ်သွားသည်။
ကျီချင်းချင်းသည် ဘေးပတ်ပတ်လည်ကို ကြည့်လိုက်ရာ သူမမျက်လုံးနှင့် အကြည့်ချင်းဆုံသွားသော ရိုက်ကွင်းအလုပ်သမားများမှာ ချက်ချင်းဆိုသလိုပင် ခေါင်းငုံ့လိုက်ကြပြီး အလုပ်ရှုပ်ချင်ဟန်ဆောင်လိုက်ကြ၏။ သူတို့၏အမူအရာများမှာ သူတို့မမြင်သင့်သည့်အရာအား မြင်လိုက်ရသည်ကို ဖုံးကွယ်နေသကဲ့သို့ပင်။
တစ်ခြားတစ်ဖက်တွင် ဒါရိုက်တာကျိုးမှာ မိတ်ကပ်ဆရာမလေးအား "မြန်မြန်လိမ်း။" ဟု အမြန်တိုက်တွန်းလိုက်သည်။