Unicode
အခန်း (၆၈) - ကိုယ့်ရဲ့ အကြွေးဝယ်ကတ်ကို သုံး ( ၁ )
ကူးပြောင်းလာပြီးနောက် ကျီချင်းချင်းသည် မူလပိုင်ရှင်ရဲ့ ပိုင်ဆိုင်မှုတွေကို ရှာဖွေကြည့်ပြီး မူလပိုင်ရှင်ရဲ့ ပိုင်ဆိုင်မှုတွေကို ရောင်းချလိုက်ရင် ဘယ်လောက်ရမလဲဟု တွက်ချက်ကြည့်လိုက်သည်။ ထိုပစ္စည်းတွေနဲ့ မြို့လယ်ခေါင်ထဲရှိ တိုက်ခန်းတွေကို ပြန်လည်ရောင်းချလိုက်ပြီးတော့ ယွမ် ၁၀သန်းလောက် သူမ ရရှိလိုက်သည်။
အခု သူမ ရှန်းဝေဝေကို လျော်ကြေးပေးစရာ မလိုအပ်တော့သောကြောင့် သူမ စည်းစိမ်ဥစ္စာပုံထဲမှာ နစ်မြှုပ်နေတယ်လို့ ခံစားနေရသည်။
“ရှင် ဒါကို စိုးရိမ်နေဖို့ မလိုပါဘူး။ ကျွန်မ နောက်ရက်အနည်းငယ်လောက်ကြာရင် အလုပ်ပြန်လုပ်တော့မှာ။ ကျွန်မ သဘောတူစာချုပ်တွေမှာ လက်မှတ်ထိုးပြီးသားပဲ။ ကျွန်မနဲ့ စာချုပ်ချုပ်ဆိုထားတဲ့ ထုတ်ကုန်တွေက နာမည်ကြီး အမှတ်တံဆိပ်တွေ မဖြစ်ရင်တောင်မှ သဘောတူညီမှု အခကြေးငွေက မနည်းဘူး။ နောက်ကျရင် ကျွန်မက အခန်းကဏ္ဍ အမျိုးမျိုးမှာ သရုပ်ဆောင်ဖို့ အခွင့်အလမ်းတွေအများကြီး ရလာဦးမှာပါ။ မစ္စတာလု ကျွန်မမှာ ကိုယ်ပိုင်ဝင်ငွေရှိတယ်။ ပြီးတော့ ကျွန်မဘာသာ ကောင်းကောင်း ရှင်သန်နိုင်စွမ်း ရှိတယ်။”
မာန ၊ သိက္ခာအပြည့်ရှိနေသည့် မျက်နှာနှင့် စကားလုံး ကြီးကြီးကျယ်ကျယ်တွေကို ပြောလိုက်မိသလို ကျီချင်းချင်း ခံစားလိုက်ရသည်။
ဒီစကားက ဘာလဲ။ အလုပ်ကြိုးစားခြင်းက အမွန်မြတ်ဆုံးအရာဖြစ်သည်။
“ကျွန်မ ရှာတဲ့ငွေကိုပဲ ကျွန်မ သုံးဖြုန်းပစ်မယ်။ ရှင် ကျန်မကို ထောက်ပံ့ပေးဖို့ မလိုအပ်ဘူး။ ဒါကြောင့် ရှင့်ရဲ့ အကြွေးဝယ်ကတ်ကို ပြန်သိမ်းထားလိုက်ပါ။”
လုလီရှင်းသည် ကျီချင်းချင်း၏ စူးရှလှသည့် စကားလုံးများကို ကြားရပြီးနောက် သူမရဲ့ ဂုဏ်ယူဝံ့ကြွားနေသည့် မျက်နှာအမူအရာကို ကြည့်လိုက်သည်။သူ ငိုရမလား ရယ်ရမလားပင် မသိတော့ချေ။
“ မင်းကိုယ်မင်း အထင်ကြီးမနေနဲ့။”