Chapter-91

1.9K 210 1
                                    

Unicode

အခန်း (၉၁)
စာရေးသူ - 公子闻筝
ဘာသာပြန်သူ - No Noe (Miracle_Phyu97)

လုလီရှင်းက လှောင်ရယ် ရယ်လိုက်သည်၊ "ကြည့်ရတာ လက်ထောက်ဒါရိုက်တာလီက ထျန်းယွီအင်တာတိန်းမန့်အတွက် စီမံခန့်ခွဲနိုင်စွမ်းတွေ လျော့ကျသွားပုံပဲ။"

"ဥက္ကဌလု ကျွန်တော့်ကို အထင်လွဲနေတာပါ။"

"ချင်းချင်းရဲ့ တောင်းဆိုချက်တွေက တော်တော်လေး ကျိုးကြောင်းဆီလျော်မှုရှိတယ်လို့ ကျွန်တော်ထင်တယ်။ ပထမဆုံးအနေနဲ့ ချင်းချင်းက ရှန်းဝေဝေကို တွန်းချတဲ့သူ မဟုတ်ဘူး။ ဒုတိယအချက်၊ ကျီချင်းချင်းက ရှန်းဝေဝေကို ပြဿနာရှာတယ်ဆိုပြီး ပြောနေတာတွေအတွက် သက်သေအထောက်အထား မရှိဘူး။ ဒါံကြောင့် ရှန်းမိန်းကလေးက အခု တစ်လလုံး ချင်းချင်း ကြုံတွေ့ခဲ့ရတဲ့ စိတ်အနှောင့်အယှက်ဖြစ်ရတဲ့ ကိစ္စရပ်တွေ အားလုံးအတွက် တာဝန်အရှိဆုံး ဖြစ်ပြီး တာဝန်ယူသင့်တယ်။ ရှန်းမိန်းကလေးက ဝေ့ပေါ်မှာ တောင်းပန်စာ တင်ပေးရမယ့်အပြင် ချင်းချင်းရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုအတွက် လျော်ကြေး ထပ်ပေးရပါမယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆောင်ရွက်စရာ ရှိတာတွေ ဆောင်ရွက်ဖို့ ကျွန်တော့်ရှေ့နေက ရှန်းမိန်းကလေးကို မကြာခင်မှာ ဆက်သွယ်လာပါလိမ့်မယ်။"

လုလီရှင်းသည် အတော်လေး သနားစရာ ကောင်းနေသည့် အသွင်ပေါက်နေသည့် ရှန်းဝေဝေကို ကြည့်ကာ "ရှန်းမိန်းကလေး၊ မင်းမှာ ငြင်းဆန်စရာ တစ်ခုခု ရှိဦးမလား။"

ကုရှောက်ယွီက ရှန်းဝေဝေအတွက် ကူညီပေးရန် စကားမဟပဲ မနေနိုင်ပေ၊ "အစ်ကိုရှင်း၊ ဝေဝေကို ဒီလို မပြောပါနဲ့။ မင်း သူမကို မသိလို့ပါ၊ သူမက..."

"ပါးစပ်ပိတ်ထား" လုလီရှင်းက မျက်နှာထားတင်းတင်းဖြင့် "မင်းဟာမင်း မသိမိုက်မဲပြီး အရည်အချင်းမရှိတာ အဆင်ပြေတယ်၊ ဒါပေမယ့် အခု၊ မင်းလုပ်သမျှ အရာအားလုံးက နေ့တိုင်း ဒီအမျိုးသမီးနောက်ကို တစ်ချိန်လုံး လိုက်ပါနေခဲ့တာပဲ။ ကုမိသားစုရဲ့ စည်းစိမ်ဥစ္စာအားလုံးကို ဖျက်ဆီးချင်နေတာလား။"

ကုရှောင်ယွီက အပြစ်ရှိသည့်စိတ်ဖြင့် "ကျွန်တော် မဟုတ်ပါဘူး..."

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)Onde histórias criam vida. Descubra agora